
မီးေလာင္သည့္ေနရာသိုသြားရန္အေရးေပၚျပင္ဆင္ေနရင္းကြယ္လြန္ခဲ့ရတဲ့အရန္မီးသတ္တပ္ဖြဲ႕မွတပ္ခြဲမႉး
မီးေလာင္ျပင္သြားရန္ ျပင္ဆင္ေနရင္းအရန္မီးသတ္တပ္ဖြဲ႕မွတပ္ခြဲမႉးေသဆုံးမႈဇန္နဝါရီလ၁၄ရက္ညပိုင္းကျဖစ္ပြားခဲ့ေၾကာင္းသတင္းရရွိသည္။ ေက်ာက္တံတားၿမိဳ႕နယ္အရန္မီးသတ္တပ္ဖြဲ႕မွအရန္မီးသတ္တပ္ဖြဲ႕မွတပ္ခြဲမႈးကိုေဇာ္မင္းဆိုသူသည္ ဇန္နဝါရီလ၁၄ ရက္ညပိုင္းကဗဟန္းၿမိဳ႕နယ္ေျမပေဒသာကြၽန္းမီးေလာင္မႈသတင္းၾကားသည့္အတြက္ ေနအိမ္မွသြားရန္ ျပင္ဆင္ေနစဥ္႐ုတ္တရက္ေသဆုံးခဲ့ျခင္းလည္းျဖစ္သည္။ “သူကမီးေလာင္တဲ့အခ်ိန္မွာမီးသတင္းၾကားတဲ့အတြက္သူကယူနီေဖာင္းဝတ္တယ္။ယူနီေဖာင္း ေနရင္းနဲ႕အန္တယ္။အန္ေတာ့ေရခ်ိဳးခန္းထဲေျပးတယ္။ ေရခ်ိဳးခန္းထဲမွာပဲ အန္ေနရင္းနဲ႕ပဲပစ္လဲသြားတယ္။ ကြၽန္ေတာ္တို႔သိရတဲ့သတင္းအရမီးေလာင္ျပင္ကိုလည္းမလာနိုင္ေတာ့ဘူး။အဲ့ဒီေနရာမွာပဲဦးေႏွာက္ေသြးေၾကာျပတ္သြားတာေပါ့” ေက်ာက္တံတားအရန္မီးသတ္မွ ဒုတပ္ရင္းမႉးကိုေဇာ္ထြန္းက ျပည္ ျမန္မာကိုေျပာသည္။ လက္ရွိအခ်ိန္တြင္တပ္ခြဲမႈးကိုေဇာ္မင္း၏မိသားစုကိုရန္ကုန္တိုင္းမီးသတ္ႏွင့္ေက်ာက္တံတားၿမိဳ႕နယ္အရန္မီးသတ္တို႔မွ ကူေငြမ်ားေထက္ပံ့ေပးထားၿပီးအားေပးစကားေျပာၾကားကာလိုအပ္သည္မ်ားေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။ ေကာင္းျမတ္ရာ ယူနီကုတ္ျဖင့္ဖတ္ရန္ မီးလောင်သည့်နေရာသိုသွားရန်အရေးပေါ်ပြင်ဆင်နေရင်း ကွယ်လွန်ခဲ့ရတဲ့အရန်မီးသတ်တပ်ဖွဲ့မှတပ်ခွဲမှူး မီးလောင်ပြင်သွားရန်ပြင်ဆင်နေရင်းအရန်မီးသတ်တပ်ဖွဲ့မှတပ်ခွဲမှူးသေဆုံးမှုဇန်နဝါရီလ၁၄ရက်ညပိုင်းကဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ကျောက်တံတားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှအရန်မီးသတ်တပ်ဖွဲ့မှတပ်ခွဲမှုးကိုဇော်မင်းဆိုသူသည် ဇန်နဝါရီလ၁၄ရက်ညပိုင်းကဗဟန်းမြို့နယ်မြေပဒေသာကျွန်းမီးလောင်မှုသတင်းကြားသည့်အတွက်နေအိမ်မှသွားရန် ပြင်ဆင်နေစဉ်ရုတ်တရက်သေဆုံးခဲ့ခြင်းလည်းဖြစ်သည်။ သူကမီးလောင်တဲ့အချိန်မှာမီးသတင်းကြားတဲ့အတွက်သူကယူနီဖောင်းဝတ်တယ်။ယူနီဖောင်းနေရင်းနဲ့အန်တယ်။အန်တော့ရေချိုးခန်းထဲပြေးတယ်။ ရေချိုးခန်းထဲမှာပဲအန်နေရင်းနဲ့ပဲပစ်လဲသွားတယ်။ကျွန်တော်တို့သိရတဲ့သတင်းအရမီးလောင်ပြင်ကိုလည်းမလာနိုင်တော့ဘူး။အဲ့ဒီနေရာမှာပဲဦးနှောက်သွေးကြောပြတ်သွားတာပေါ့”ကျောက်တံတားအရန်မီးသတ်မှဒုတပ်ရင်းမှူးကိုဇော်ထွန်းကပြည်မြန်မာကိုပြောသည်။ လက်ရှိအချိန်တွင်တပ်ခွဲမှုးကိုဇော်မင်း၏မိသားစုကို ရန်ကုန်တိုင်းမီးသတ်နှင့်ကျောက်တံတားမြို့နယ်အရန်မီးသတ်တို့မှ …
Read More