ယူနီကုတ်ဖြင့်ဖတ်ရန်
ရွှေပေါ်ကျွန်းဆရာတော်ကြီး၏ သီတင်းကျွတ်လ လာဘ်လာဘဖွင့် ကျင့်စဉ်
သီတင်းကျွတ်လ လာဘ်လာဘဖွင့်ကျင့်စဉ်။ ရွှေပေါ်ကျွန်းဆရာတော်။ သီတင်းကျွတ်လဆန်း (၁)ရက်နေ့တွင် နံနက် (၄:၀၀) နာရီအချိန်တွင် ဖယောင်းတိုင် (၁)တိုင်၊ (၅:၀၀)နာရီတွင် (၁)တိုင်၊ (၆)နာရီတွင် (၁)တိုင်ပူဇော်ပါ။
ထိုနည်းတူ ညနေ (၅)နာရီတွင် (၁)တိုင်၊ (၆)နာရီ တွင် (၁)တိုင်၊ (၇)နာရီတွင် (၁)တိုင်ပူဇော်ပါ။ ပူဇော်ရာတွင် လင်ဗန်းထဲ ရေအနည်းငယ်ထဲ့၍ ပူဇော်ရန်ဖြစ်သည်။ နံနက် ပိုင်း ဖယောင်းတိုင်များ ပူဇော်ပြီးတိုင်း
“သုနက္ခတံ သုမင်္ဂလံ၊ သုပ္ပဘာ သံ သုဟုဠိတံ၊ သုခဏော သုမုဟုတ္တောစ”ဟု (၉)ခေါက်ရွတ်ဆိုပါ။ ညနေပိုင်း ဖယောင်းတိုင် ပူဇော်ပြီးတိုင်း “ဗုဒ္ဓေါ မေ နာထော၊ ဓမ္မော မေ နာထော၊ သံဃော မေ နာထော”ဟု
မိမိအာရုံဆန္ဒရှိသလို ရွတ်ဖတ်ပါ။ သီတင်းကျွတ်လဆန်း (၅)ရက်နေ့မှ လဆန်း(၈)ရက်နေ့ထိ အရုဏ်တက်အချိန်တွင် ကုန်းသတ္တဝါလွတ် ဆွမ်း ၁ပွဲ၊ ရေတော် ၁ ဖလား ကပ်လှုပါ။
သီတင်းကျွတ်လဆန်း (၉)ရက်နေ့မှ လပြည့်နေ့ထိ ညစဉ် နေဝင်ပြီးစအချိန်တွင် ဖယောင်းတိုင် (၇)တိုင် ထွန်းညှိပူဇော်ပါ။ ပူဇော်၍ပြီးတိုင်း “နမော သတ္တာနံ သမ္မာသမ္ဗုဒ္ဓါ နံ”ဟု ရွတ်ဖတ်ပါ။
ထိုပါဠိ၏အနက်မှာ “သတ္တန္နံ -၇ဆူကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနံ- ဝိပဿီ သိခီ ဝေသဘူ ကကုသန် ကောဏဂုံ ကဿပ ဂေါတမ ဟုဆိုအပ်သော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အား နမော- ရှိခိုးပါ၏” ဟူ၍ဖြစ်ပြီး ပါဠိရော အနက်ပါ ပူဇော်ပါ။
သီတင်းကျွတ်လဆန်း ၉ရက်မှ လဆန်း(၁၃)ရက်နေ့ထိ ၅ ရက်တိုင်တိုင် မနက် (၉;၀၀)နာရီအချိန်တွင် မိမိအိမ်ရှိ ဘုရားပန်းအိုး ၁လုံးတွင် ရေထဲ့၍ သပြေညွန့်စိုက်၍ လှုဒါန်းပါ။ ပန်းညှိုးလျှင် အသစ်လဲပါ။
ရေကို နေ့စဉ်လှယ်ပါ။ ပန်းအိုးအား လင်ဗန်းပေါ်တည်ထားပါ။ သပြေညွန့်သည် (၃၈) ညွန့်ဖြစ်ပါသည်။ လဆန်း ၉ရက်မှ လပြည့်နေ့အထိ ၅ ပါးသီလ ဆောက်တည်ပါ။ မေတ္တာဘာဝနာ ပွားများပါ။
ကိုယ်စောင့်နတ် အိမ်စောင့်နတ် ရပ်ကွက်စောင့်နတ် သမ္မာဒေဝ နတ်မြတ်တို့အား အခါခါအမျှပေးဝေပါ။ သီတင်းကျွတ်လပြည့်နေ့တွင် ခင်ပွန်းကြီး ၁၀ပါး ကန်တော့ပါ။ ဝေမျှကုသိုလ်(၁၄.၁၀.၂၀၂၀)။ ခရက်ဒစ်
Leave a Reply
Your email address will not be published. Required fields are marked *