


CRD_Zin Min Nyein

ယူနီကုတ်ဖြင့်ဖတ်ရန်
အမေရိကန်ကတော့တရုတ်နားရွက် နောက်တစ်ခါ တံတွေးထပ်စွတ်လိုက်ပြန်ပြီနော်

တရုတ် ရဲ့မတရားဥပဒေတွေကို မခံစားနိုင်တော့တဲ့ ဟောင်ကောင်မြို့သားတွေကို ပြောင်းလာနေဖို့ရာ လက်ကမ်းကြိုဆိုပါတယ်လို့ ထုတ်ပြောလိုက်တဲ့ အမေရိကန်အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး။

ဒါ့အပြင် တရုတ်ရဲ့ ရန်စကျူးကျော်မှုတွေကို တွန်းလှန်ကာကွယ်သွားနိုင်ဖို့ရာအတွက် တိုင်ဝမ်အနေနဲ့ စစ်ရေးဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲဖို့ရာ တဆက်တည်းအကြံပြုလိုက်ပါတယ်။

တရုတ်ဟာ သူ့ပြည်တွင်းရေးကိစ္စတွေမှာ ဝင်မစွက်ဖို့ အကြိမ်ကြိမ်တားမြစ်ခဲ့ပေမယ့်၊ အမေရိကန်က နားမထောင်ဘဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားရေးကို အကြောင်းပြကာ ဝင်ပါမြဲ၊ စွက်ဖက်မြဲ လုပ်နေတော့တာပါပဲ။ တရုတ်ကြီး မြန်မာပြည်ဝဋ်လည်တယ်ဆိုလို့ ရမလားမသိပါဘူး။ 
CRD_Zin Min Nyein

Leave a Reply

Your email address will not be published. Required fields are marked *