မငိုပါနဲ႕အဖိုးနဲ႕ အဖြားရယ္ဆိုေတာ့ ဝမ္းသာလို႔က်တဲ့မ်က္ရည္ပါတဲ့

က်ေနာ္တို႔ေၾကာင့္ႏွမ္းတေစ့ေလာက္အေထာက္အကူဖစ္သြားရင္အဆင္ေျပသြားတယ္ဆိုရင္ ေပ်ာ္႐ြင္သြားဆိုရင္ဒါဟာက်ေနာ္တို႔လိုခ်င္တဲ့မက္ေမာတဲ့ပီတိပါ။ ေပ်ာ္လို႔မ်က္ရည္က်တယ္ဆိုေပမဲ့ဝမ္းနည္းျခင္းနဲ႕ဝမ္းသာျခင္းကေရာယွက္ေနပါတယ္။အဆင္မေျပတဲ့ဘဝေတြကိုၾကည့္ရင္းလဲ က်ေနာ္တို႔ေတြအၿမဲစိတ္မေကာင္းဖစ္ရပါတယ္။ပထမနဲ႕ဒုတိယပုံထဲကအဖိုးနဲ႕အဖြားကဒဂုံဆိပ္ကမ္း၆၁ရပ္ကြက္မွာေနပါတယ္မေန႕ကက်ေနာ့္ရဲ႕မက္ဆင္ဂ်ာက ေနအကူညီေတာင္းလာတာပါ။ရပ္ကြက္ထဲကေနအဖိုးနဲ႕အဖြားအတြက္အကူညီလွမ္းေတာင္းတာပါဆိုေတာ့က်ေနာ္ဒီေန႕သြားၾကည့္ဖစ္ခဲ့တယ္။

အဖိုးနဲ႕အဖြားကအသက္၈၀ေက်ာ္ပါၿပီ။အဖိုးကလဲက်န္းမာေရးသိပ္မေကာင္းသလိုအဖြားကလဲ ေလျဖတ္ေနတာၾကာပါၿပီ။အဖြားက်ေနာ္အဖြားအတြက္ဆန္နဲ႕အျခားစားစရာေတြလာလႉပါတယ္၊အဖြားသုံးဖို႔ဆိုၿပီး ေငြနဲနဲကန္ေတာ့ေတာ့အဖြားကမပီမသနဲ႕ဆုေတြေပးရင္းမ်က္ရည္ေတြက်လာတယ္။

မငိုပါနဲ႕အဖြားရယ္ဆိုေတာ့ဝမ္းသာလို႔ပါသားရယ္ဆိုၿပီး တုန္တုန္ရီရီနဲ႕ ျပန္ေျပာရင္းအဖိုးဘက္ကိုလွည့္ၾကည္ေတာ့အဖိုးကလဲမ်က္ရည္ေတြနဲ႕က်ေနာ္ထပ္လာၾကည့္ပါဦးမယ္လို႔အဖိုးနဲ႕အဖြားကို ေျပာရင္း အျခားအိမ္ေတြဆီဆက္လာခဲ့ေပမဲ့အဖိုးနဲ႕အဖြားအဆင္ေျပပါေစလို႔ရင္ထဲတဖြဖြဆုေတာင္းေနမိတယ္။တတိယပုံထဲကအဘက ေတာင္ဒဂုံ ၁၀၅ရပ္ကြက္မွာေနပါတယ္မိန္းမကပလုံ(ပုလင္း/ဗူး)ေကာက္ရင္း ေယာက္်ားျဖစ္သူကေတာ့ ေလျဖတ္ေနတာပါ။ထိုကဲ့သိုအခက္အခဲဖစ္ေနတဲ့ ေဝဒနာရွင္ေတြ၊ကင္ဆာေဝဒနာသည္ေတြ၊နလုံးအစို႔ရွင္က်ယ္လို႔ ေသြးအန္ေနသူေတြ၊သက္ႀကီးဘိုးဘြားေတြအ မ်ားႀကီးရွီပါတယ္။

က်ေနာ္တို႔ရဲ႕အလႉဒါနေတြတကယ္လိုအပ္တဲ့သူေတြရရွီသြားတာဝမ္းသာရပါတယ္။မိမိထက္ခက္ခဲေနတဲ့ဘဝေတြကို သတိရေပးပါ။ကူညီေပးၾကပါ။က်ေနာ္တို႔အတူတူ ေဖးမရင္းကူညီရင္းဒီေရာဂါႀကီးကိုေက်ာ္လႊားနိုင္မွာပါ။ယေန႕ထက္မနက္ျဖန္ပိုအက်ိဳးျပဳနိုင္ေအာင္ႀကိဳးစားပါဦးမယ္။(ပုံမ်ားနဲ႕မ်က္နာေဖာ္ျပခြင့္ကို ေတာင္းခံၿပီးမွတင္ျခင္းဖစ္သည္။)

ယူနီကုတ္ျဖင့္ဖတ္ရန္
မငိုပါနဲ့အဖိုးနဲ့အဖွားရယ်ဆိုတော့ဝမ်းသာလို့ကျတဲ့မျက်ရည်ပါတဲ့

ကျနော်တို့ကြောင့်နှမ်းတစေ့လောက်အထောက်အကူဖစ်သွားရင် အဆင်ပြေသွားတယ်ဆိုရင်ပျော်ရွင်သွားဆိုရင်ဒါဟာကျနော်တို့ လိုချင်တဲ့မက်မောတဲ့ပီတိပါ။ပျော်လို့မျက်ရည်ကျတယ်ဆိုပေမဲ့ဝမ်းနည်းခြင်းနဲ့ဝမ်းသာခြင်းကရောယှက်နေပါတယ်။အဆင်မပြေတဲ့ဘဝတွေကိုကြည့်ရင်းလဲကျနော်တို့တွေအမြဲစိတ်မကောင်းဖစ်ရပါတယ်။ပထမနဲ့ဒုတိယပုံထဲကအဖိုးနဲ့အဖွားကဒဂုံဆိပ်ကမ်း၆၁ရပ်ကွက်မှာနေပါတယ်မနေ့ကကျနော့်ရဲ့မက်ဆင်ဂျာကနေအကူညီတောင်းလာတာပါ။ရပ်ကွက်ထဲကနေအဖိုးနဲ့အဖွားအတွက်အကူညီလှမ်းတောင်းတာပါဆိုတော့ကျနော်ဒီနေ့သွားကြည့်ဖစ်ခဲ့တယ်။

အဖိုးနဲ့အဖွားကအသက်၈၀ကျော်ပါပြီ။အဖိုးကလဲကျန်းမာရေးသိပ်မကောင်းသလိုအဖွားကလဲလေဖြတ်နေတာကြာပါပြီ။အဖွားကျနော်အဖွားအတွက်ဆန်နဲ့အခြားစားစရာတွေလာလှူပါတယ်၊အဖွားသုံးဖို့ဆိုပြီးငွေနဲနဲကန်တော့တော့အဖွားကမပီမသနဲ့ဆုတွေပေးရင်းမျက်ရည်တွေကျလာတယ်။

မငိုပါနဲ့အဖွားရယ်ဆိုတော့ဝမ်းသာလို့ပါသားရယ်ဆိုပြီးတုန်တုန်ရီရီနဲ့ပြန်ပြောရင်းအဖိုးဘက်ကိုလှည့်ကြည်တော့အဖိုးကလဲ မျက်ရည်တွေနဲ့ကျနော်ထပ်လာကြည့်ပါဦးမယ်လို့အဖိုးနဲ့အဖွားကို ပြောရင်းအခြားအိမ်တွေဆီဆက်လာခဲ့ပေမဲ့အဖိုးနဲ့အဖွား အဆင်ပြေပါစေလို့ရင်ထဲတဖွဖွဆုတောင်းနေမိတယ်။တတိယပုံထဲကအဘကတောင်ဒဂုံ၁၀၅ရပ်ကွက်မှာနေပါတယ်။မိန်းမကပလုံ(ပုလင်း/ဗူး)ကောက်ရင်းယောက်ျားဖြစ်သူကတော့လေဖြတ်နေတာပါ။ထိုကဲ့သိုအခက်အခဲဖစ်နေတဲ့ဝေဒနာရှင်တွေ၊ကင်ဆာဝေဒနာသည်တွေ၊နလုံးအစို့ရှင်ကျယ်လို့သွေးအန်နေသူတွေ၊သက်ကြီးဘိုးဘွားတွေအများကြီးရှီပါတယ်။

ကျနော်တို့ရဲ့အလှူဒါနတွေတကယ်လိုအပ်တဲ့သူတွေရရှီသွားတာ ဝမ်းသာရပါတယ်။မိမိထကခက်ခဲနေတဲ့ဘဝတွေကိုသတိရပေးပါ။ကူညီပေးကြပါ။ကျနော်တို့အတူတူဖေးမရင်းကူညီရင်းဒီရောဂါကြီးကိုကျော်လွှားနိုင်မှာပါယနေ့ထက်မနက်ဖြန်ပိုအကျိုးပြုနိုင်အောင်ကြိုးစားပါဦးမယ်။(ပုံများနဲ့မျက်နာဖော်ပြခွင့်ကိုတောင်းခံပြီးမှတင်ခြင်းဖစ်သည်။)

Leave a Reply

Your email address will not be published. Required fields are marked *