ယူနီကုတ်ဖြင့်ဖတ်ရန်
Covid-19 ရောဂါနဲ့ဆင်တူတဲ့လက္ခဏာတွေပြလာတာကြောင့် Q ဝင်နေရတဲ့Alex ရဲ့သမီးDora Alex
နိုင်ငံကျော်အဆိုတော် Alex မှာကတော့ဂီတလောကမှာ အောင်မြင်သလိုချစ်စရာကောင်းတဲ့မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။Alex ရဲ့ အမြွှာလေးတွေထဲကသမီးကြီး Dora Alexကတော့ဖေဖေနဲ့တူပြီး ဂီတကိုဝါသနာပါသူဖြစ်ကာသူမရဲ့တစ်ကိုယ်တော်အခွေကိုထွက်ရှိထားပြီးသားအငယ်Kelvin Alexကတော့အနုပညာကိုငါသနာမပါပဲသာမာန်လူတစ်ယောက်လိုနေထိုင်နေတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့Alexအပြင်Dora Alex ကိုရော Kelvin Alexကိုပါချစ်ကြတာပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ Dora Alexကမိသားစုတွေနဲ့ခွဲခွာပြီး သူမတစ်ယောက်တည်းဆွစ်ဇာလန်နိုင်ငံမှာကျောင်းသွားတက်နေခဲ့တာပဲဖြစ်ပါတယ်။Dora Alexကမြန်မာပြည်ကနေဆွစ်ဇာလန်ကိုကျောင်းသွားတက်နေတဲ့အချိန်(၂)ပတ်အတွင်းမှာCovid-19ရောဂါနဲ့ဆင်တူတဲ့လက္ခဏာတွေပြလာတာကြောင့်ကျောင်းကနေအနားယူပြီး Quarantineဝင်နေရတယ်ဆိုပြီးသူမရဲ့အခြေအနေကိုLiveလွှင့်ပြီးပြောပြလာတာကိုအခုလိုပဲတွေ့ရပါတယ်။
Dora Alexကတော့မိုးမိပြီးနေမကောင်းဖြစ်ရာမှလည်ချောင်းနာခြင်း၊နာစေးခြင်း၊ခေါင်းကိုက်ခြင်းစတဲ့လက္ခဏာတွေပြလာတာကြောင့်ကျောင်းကနေခဏတာအနားယူပြီး Quarantine ဝင်နေရတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းDora Alex တစ်ယောက်ဆေးစစ်ချက်အဖြေကောင်းမွန်ပါစေလို့ဆုတောင်းပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *