ထိုင္းမွာ ျပည္တြင္းကူးစက္မႈမ်ား ျပန္စေနပါၿပီ

မန္မာနဲ႔နယ္စပ္အနီး ေနထိုင္ၾကတဲ့ ျမန္မာႏိုင္ငံသားမ်ာားျဖစ္ေၾကာင္း ေန႔စဥ္ကူးစက္မႈအေျခအေနထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ထိုင္းႏိုင္ငံမွာတစ္လေက်ာ္အတြင္းပထမဆုံးCOVID-19 ျပည္တြင္းကူးစက္မႈႏွစ္ခုကို ျမန္မာႏိုင္ငံသားမ်ားထံမွာ ေတြ႕ရွိရေၾကာင္းတာဝန္ရွိသူေတြကယေန႔(ေအာက္တိုဘာ ၁၇ရက္) ေျပာပါတယ္။

အဆိုပါ ျပည္တြင္းကူးစက္မႈႏွစ္ခုဟာ ျမန္မာနဲ႔နယ္စပ္အနီး ေနထိုင္ၾကတဲ့ ျမန္မာႏိုင္ငံသားျဖစ္ေၾကာင္းထိုင္းႏိုင္ငံရဲ႕ ေန႔စဥ္ကူးစက္မႈအေျခအေနထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။၎တို႔ကို ေအာက္တိုဘာ၁၃ရက္ေန႔မွာCOVID-19စစ္ေဆးခဲ့ေၾကာင္းသိရပါတယ္။ ျမန္မာႏိုင္ငံသားႏွစ္ဦးဟာ ေရာဂါလကၡဏာမျပခဲ့ေပမဲ့ ၎တို႔ထံမွာ COVID-19 ျဖစ္ေစတဲ့ကို႐ိုနာဗိုင္းရပ္စ္ (SARS-CoV-2) ေတြ႕ခဲ့ရတယ္လို႔ထိုင္းတာဝန္ရွိသူေတြကေျပာေၾကာင္းReutersသတင္းက ေဖာ္ျပပါတယ္။ထိုင္းမွာ ျပည္တြင္းကူးစက္မႈကိုစက္တင္ဘာလအေစာပိုင္းမွာ ေနာက္ဆုံး ေတြ႕ရွိထားခဲ့တာ ျဖစ္ပါတယ္။ထိုင္းႏိုင္ငံက ႏိုင္ငံျခားခရီးသြားေတြကိုပထမဆုံးအႀကိမ္ ျပန္လည္လာ‌ေရာက္ခြင့္ျပဳမယ့္အစီအစဥ္အားစီမံခန႔္ခြဲမႈကိစၥေတြေၾကာင့္ ေ႐ြ႕ဆိုင္းလိုက္ေၾကာင္းၿပီးခဲ့တဲ့သီတင္းပတ္အတြင္းထုတ္ျပန္ထားပါတယ္။

အထူးဗီဇာမ်ား ေလွ်ာက္ထားမႈနဲ႔ ခြင့္ျပဳေပးမႈပါဝင္တဲ့ လုပ္ငန္းစဥ္က ျပည္ပခရီးသြား ျပန္လည္ဝင္ခြင့္ျပဳမယ့္ အစီအစဥ္ကို ေႏွာင့္ေႏွးေနေစေၾကာင္း Tourism Authority of Thailand (TAT)အႀကီးအကဲ Yuthasak Supasornက Reutersသတင္းဌာနကိုထိုစဥ္က ေျပာခဲ့ပါတယ္။ ယခုလအတြင္း ျပည္ပခရီးသည္၁၀၀ ခန႔္ ေရာက္ရွိလာမယ္လို႔ ခန႔္မွန္းထားခဲ့ေၾကာင္းလည္း Yuthasak Supasorn က ျဖည့္စြက္ေျပာခဲ့ပါတယ္။COVID-19 ကူးစက္မႈထိန္းခ်ဳပ္ကာကြယ္ေရးအစိုးရက စီးပြားျဖစ္ေလေၾကာင္းလိုင္းပ်ံသန္းမႈမ်ားပိတ္ပင္ခဲ့ၿပီးေနာက္ဧၿပီလအတြင္းထိုင္းႏိုင္ငံကိုခရီးသြားဝင္ေရာက္မႈရပ္ဆိုင္းသြားခဲ့ပါတယ္။ထိုင္းႏိုင္ငံဟာလက္ရွိအခ်ိန္အထိCOVID-19ကူးစက္ခံရသူ၃,၆၀၀ ေက်ာ္မွ်သာ ေတြ႕ရွိခဲ့ရၿပီးအာရွေဒသတြင္းကူးစက္ျဖစ္ပြားမႈအနည္းဆုံးႏိုင္ငံေတြထဲမွာပါဝင္ပါတယ္။

သို႔ေသာ္ခရီးသြားလုပ္ငန္းအေပၚအဓိကအားထားေနရတဲ့ ထိုင္းႏိုင္ငံရဲ႕စီးပြားေရးတိုးတက္မႈဟာကပ္ေရာဂါဂယက္ေၾကာင့္ယခုႏွစ္မွာ၇.၈ရာခိုင္ႏႈန္းအထိစံခ်ိန္တင္က်ဳံ႕သြားႏိုင္ေၾကာင္းခန႔္မွန္ထားပါတယ္။ယခုႏွစ္အတြင္းထိုင္းႏိုင္ငံသို႔ခရီးသြားဝင္ေရာက္မႈဟာ၆.၇သန္းမွ်သာရွိႏိုင္တယ္လို႔အစိုးရကခန႔္မွန္ထားၿပီး၂၀၁၉ ခုႏွစ္မွာေတာ့ ၃၉.၈သန္းအထိစံခ်ိန္တင္ထားခဲ့ပါတယ္။

ယူနီကုတ္ျဖင့္ဖတ္ရန္
ထိုင်းမှာပြည်တွင်းကူးစက်မှုများပြန်စနေပါပြီ

မြန်မာနဲ့နယ်စပ်အနီးနေထိုင်ကြတဲ့မြန်မာနိုင်ငံသားမျာားဖြစ်ကြောင်းနေ့စဉ်ကူးစက်မှုအခြေအနေထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ထိုင်းနိုင်ငံမှာတစ်လကျော်အတွင်းပထမဆုံး COVID-19 ပြည်တွင်းကူးစက်မှုနှစ်ခုကိုမြန်မာနိုင်ငံသားများထံမှာတွေ့ရှိရကြောင်းတာဝန်ရှိသူတွေကယနေ့(အောက်တိုဘာ ၁၇ ရက်)ပြောပါတယ်။

အဆိုပါပြည်တွင်းကူးစက်မှုနှစ်ခုဟာမြန်မာနဲ့နယ်စပ်အနီးနေထိုင်ကြတဲ့မြန်မာနိုင်ငံသားဖြစ်ကြောင်းထိုင်းနိုင်ငံရဲ့နေ့စဉ်ကူးစက်မှုအခြေအနေထုတ်ပြန်ချက်မှာပြောထားပါတယ်။၎င်းတို့ကိုအောက်တိုဘာ၁၃ ရက်နေ့မှာCOVID-19စစ်ဆေးခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံသားနှစ်ဦးဟာရောဂါလက္ခဏာမပြခဲ့ပေမဲ့ ၎င်းတို့ထံမှာ COVID-19ဖြစ်စေတဲ့ကိုရိုနာဗိုင်းရပ်စ်(SARS-CoV-2)တွေ့ခဲ့ရတယ်လို့ထိုင်းတာဝန်ရှိသူတွေကပြောကြောင်းReutersသတင်းကဖော်ပြပါတယ်။ထိုင်းမှာပြည်တွင်းကူးစက်မှုကိုစက်တင်ဘာလအစောပိုင်းမှာနောက်ဆုံးတွေ့ရှိထားခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံကနိုင်ငံခြားခရီးသွားတွေကိုပထမဆုံးအကြိမ်ပြန်လည်လာ‌ရောက်ခွင့်ပြုမယ့်အစီအစဉ်အားစီမံခန့်ခွဲမှုကိစ္စတွေကြောင့်ရွေ့ဆိုင်းလိုက်ကြောင်းပြီးခဲ့တဲ့သီတင်းပတ်အတွင်းထုတ်ပြန်ထားပါတယ်။

အထူးဗီဇာများလျှောက်ထားမှုနဲ့ခွင့်ပြုပေးမှုပါဝင်တဲ့လုပ်ငန်းစဉ်ကပြည်ပခရီးသွားပြန်လည်ဝင်ခွင့်ပြုမယ့်အစီအစဉ်ကိုနှောင့်နှေးနေစေကြောင်းTourism Authority of Thailand (TAT)အကြီးအကဲYuthasak SupasornကReutersသတင်းဌာနကိုထိုစဉ်ကပြောခဲ့ပါတယ်။ယခုလအတွင်းပြည်ပခရီးသည်၁၀၀ခန့်ရောက်ရှိလာမယ်လို့ခန့်မှန်းထားခဲ့ကြောင်းလည်း Yuthasak Supasornကဖြည့်စွက်ပြောခဲ့ပါတယ်။COVID-19ကူးစက်မှုထိန်းချုပ်ကာကွယ်ရေးအစိုးရကစီးပွားဖြစ်လေကြောင်းလိုင်းပျံသန်းမှုများပိတ်ပင်ခဲ့ပြီးနောက်ဧပြီလအတွင်းထိုင်းနိုင်ငံကိုခရီးသွားဝင်ရောက်မှုရပ်ဆိုင်းသွားခဲ့ပါတယ်။ထိုင်းနိုင်ငံဟာလက်ရှိအချိန်အထိCOVID-19ကူးစက်ခံရသူ၃,၆၀၀ကျော်မျှသာတွေ့ရှိခဲ့ရပြီးအာရှဒေသတွင်းကူးစက်ဖြစ်ပွားမှုအနည်းဆုံးနိုင်ငံတွေထဲမှာပါဝင်ပါတယ်။

သို့သော်ခရီးသွားလုပ်ငန်းအပေါ်အဓိကအားထားနေရတဲ့ထိုင်းနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုဟာကပ်ရောဂါဂယက်ကြောင့်ယခုနှစ်မှာ၇.၈ရာခိုင်နှုန်းအထိစံချိန်တင်ကျုံ့သွားနိုင်ကြောင်းခန့်မှန်ထားပါတယ်။ယခုနှစ်အတွင်းထိုင်းနိုင်ငံသို့ခရီးသွားဝင်ရောက်မှုဟာ၆.၇သန်းမျှသာရှိနိုင်တယ်လို့အစိုးရကခန့်မှန်ထားပြီး၂၀၁၉ခုနှစ်မှာတော့၃၉.၈သန်းအထိစံချိန်တင်ထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *