ကိုဗစ္ထက္ေၾကာက္စရာေကာင္းတာလာျပန္ၿပီ အမ်ားသိေအာင္ျပန္လည္မွ်ေဝေပးပါအုံးေနာ္

အပူပိုင္းမုန္တိုင္း”နို(လ္)”(NOUL)ရဲ႕ အရွိန္ေၾကာင့္ မိုးသည္းထန္စြာထစ္ခ်ဳန္း ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္၊ လွ်ပ္တစ္ျပက္ေရႀကီး၊ေျမၿပိဳတာေတြ ျဖစ္ေပၚနိုင္တယ္လို႔ မိုးဇလဌာနက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ကုန္းျမင့္ေဒသအနီး ေနထိုင္သူေတြအေနနဲ႕ ေျမၿပိဳမႈအႏၲရာယ္ကို သတိထားဖို႔နဲ႕ ျမစ္ငယ္၊ ေခ်ာင္းငယ္ေတြအနီး ေနထိုင္ၾကသူေတြအေနနဲ႕လည္း ေရႀကီး၊ ေရလွ်ံမႈေတြ ျဖစ္ေပၚနိုင္လို႔ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ အႀကံျပဳထားပါတယ္။

ဒီမနက္ အေစာပိုင္းခန့္မွန္းခ်က္အရ ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ ျဖစ္ေပၚေနတဲ့ အပူပိုငမုန္တိုင္း”နို(လ္)”(NOUL)ဟာ ဗီယက္နမ္နိုင္ငံ၊ ဒါနန္းၿမိဳ႕(Danang)ရဲ႕ အေရွ႕ေတာင္ဘက္ မိုင္(၈၀)ခန့္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနတယ္လို႔ ဆိုပါတယ္။

အဆိုပါမုန္တိုင္းဟာ အေနာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး၊ ဒီေန႕ မြန္းလြဲပိုင္းမွာ ဒါနန္းၿမိဳ႕(Danang)အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္နိုင္ၿပီး ကုန္းတြင္းသို႔ ဝင္ေရာက္ၿပီးေနာက္ တစ္ျဖည္းျဖည္းအားေလ်ာ့သြားကာ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး၊ စက္တင္ဘာ ၁၉ ရက္မွာ ျမန္မာနိုင္ငံအေရွ႕ေတာင္ပိုင္းေဒသေတြကို ေလေပြလွိုင္းအျဖစ္ ေရာက္ရွိနိုင္ ခန့္မွန္းထားပါတယ္။

အပူပိုင္းမုန္တိုင္း”နို(လ္)”(NOUL)ရဲ႕ အရွိန္ေၾကာင့္ စက္တင္ဘာ ၁၈ ရက္မွ ၂၂ ရက္အတြင္း ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊

ရွမ္းျပည္နယ္(ေတာင္ ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္မွ ေနရာအႏွံ႕အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္မိုးႀကီးတာနဲ႕ ေနရာကြက္ မိုးႀကီးနိုင္တယ္လို႔လည္း ခန့္မွန္းထားပါတယ္။

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္းရိုးတန္းတစ္ေလွ်ာက္နဲ႕ ကမ္းလြန္ပင္ လယ္ျပင္တို႔မွာ တစ္ခါတစ္ရံ မိုးသက္ေလျပင္း က်ေရာက္ၿပီး လွိုင္းႀကီးနိုင္ကာ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ ၃၅မိုင္အထိ တိုက္ခတ္နိုင္ပါတယ္။

က်န္ျမန္မာ့ပင္လယ္ျပင္မွာ လွိုင္းအသင့္အတင့္ရွိမွာ ျဖစ္ၿပီး လွိုင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္းတစ္ေလွ်ာက္နဲ႕ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ (၈)ေပမွ (၁၁)ေပေလာက္နဲ႕ ရခိုင္ကမ္းရိုးတန္းတစ္ေလွ်ာက္နဲ႕ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ (၅)ေပမွ (၈)ေပခန့္ရွိနိုင္တယ္လို႔ မိုးဇလဌာနက ခန့္မွန္းထုတ္ျပန္ထားပါတယ္။

ယူနီကုတ္ျဖင့္ဖတ္ရန္
ကိုဗစ်ထက်ကြောက်စရာကောင်းတာလာပြန်ပြီ အများသိအောင်ပြန်လည်မျှဝေပေးပါအုံးနော်

အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်းပြီး လေပြင်းတိုက်ခတ်၊ လျှပ်တစ်ပြက်ရေကြီး၊မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိထားဖို့နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့လည်း ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ အကြံပြုထားပါတယ်။

ဒီမနက် အစောပိုင်းခန့်မှန်းချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုငမုန်တိုင်း”နို(လ်)”(NOUL)ဟာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang)ရဲ့ အရှေ့တောင်ဘက် မိုင်(၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

အဆိုပါမုန်တိုင်းဟာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဒီနေ့ မွန်းလွဲပိုင်းမှာ ဒါနန်းမြို့(Danang)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် တစ်ဖြည်းဖြည်းအားလျော့သွားကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ စက်တင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို လေပွေလှိုင်းအဖြစ် ရောက်ရှိနိုင် ခန့်မှန်းထားပါတယ်။

အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)ရဲ့ အရှိန်ကြောင့် စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက် မိုးကြီးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင် လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာ ဖြစ်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၈)ပေမှ (၁၁)ပေလောက်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၅)ပေမှ (၈)ပေခန့်ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *