




Source: Wai Lu Kyaw’s

ယူနီကုတ်ဖြင့်ဖတ်ရန်
ဝေဠုကျော်ကတော့ အားမနာတမ်းဒဲ့ပြောပြီ

“Covid (19) ပိုးတွေ့ဦးရေများပြီး အခြေအနေမကောင်းတဲ့ အချိန်မှာ အရောင်တွေကိုလည်း Covidပိုးက သိနေမှာမဟုတ်ဘူး လို့ ဒဲ့ပြောလိုက်တဲ့ ဝေဠုကျော်”

ပရိသတ်ကြီးရေ ပရဟိတအလုပ်တွေကို မနားမနေ လုပ်ကိုင်သူ မင်းသား ဝေဠုကျော်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဝေဠုကျော်ကတော့ တစ်ခေတ်တစ်ခါရဲ့ အက်ရှင်မင်းသားတစ်ယောက်အနေနဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဖြစ်ခဲ့ပြီး လက်ရှိ အသက်(၅၀)အရွယ်နားနီးတဲ့အထိကို လူပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်ကာ မအားလပ်နိုင်တဲ့သူပဲဖြစ်ပါတယ်နော်.။

Covid (19) ရောဂါပိုးပျံ့နှံ့နေတဲ့ အချိန်မှာလည်း သူတည်ထောင်ထားတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းကနေ အလှူရှင်များနဲ့အတူ ပိုးတွေ့လူနာတွေကို သွားရောက်သယ်ဆောင်ကာ Qဝင်ဖို့ ဆောင်ရွက်တာနဲ့ ပိုးတွေ့သတင်း Update မှန်သမျှကို သူ့ရဲ့ အကောင့်ကနေ အချိန်နဲ့တပြေးညီ တင်ပေးလေ့ရှိသူပါ.။ တစ်နေ့ထက် တစ်နေ့များပြားလာတဲ့ ပိုးတွေ့ဦးရေတွေကြောင့် ထိတ်လန့်ရတဲ့ကြားက ဂရုမစိုက်ကြသူ တစ်ချို့ရဲ့ လုပ်ရပ်တွေကို သတိပေးတဲ့ အနေနဲ့ ဒီနေ့ စက်တင်ဘာလ (၁၈)ရက်နေ့မှာ ဝေဠုကျော်က “အခြေနေတွေက ကောင်းမနေဘူးနော်.။

အရောင်တွေကို ကိုဗစ်က သိဘူး.။ အကုန် ဆွဲမှာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ လူတစ်ချို့ရဲ့ မထီမဲ့မြင်ပြုမှုတွေကြောင့် ပိုများပြားလာတဲ့ ပိုးတွေ့ဦးရေနဲ့ မမျှတဲ့ ကျန်းမာရေးဝန်ထမ်းစောင့်ရှောက်သူတွေဟာ ပိုအခက်အခဲ တွေ့ရပြီး သေသူများနေတဲ့ အချိန်မို့ သတိထားကြဖို့ သတိပေးလာခဲ့တာပဲဖြစ်ပါတယ်နော်.။

ဝေဠုကျော် ပြောတဲ့ သတိပေးစကားလေးကို နှစ်သက်တယ်ဆိုရင် ပရိသတ်ကြီးလည်း မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်.။ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Wai Lu Kyaw’s

Leave a Reply

Your email address will not be published. Required fields are marked *