



ယူနီကုတ်ဖြင့်ဖတ်ရန်
အမျိုးသမီးတစ်ယောက်ရဲ့အပြောကြောင့်ဆွမ်းပင်မယူတော့ပဲ မျက်ရည်ကျပြီးလှည့်ပြန်ခဲ့ရတဲ့ဦးဇင်းလေး

မိန်းမတစ်ယောက်ရဲ့ပြောဆိုမှုကြောင့်ဦးဇင်းလေးတစ်ပါးကပြန်ရေးထားတာလေးပါ။ဘုန်းကြီးဆိုတာသူတောင်းစားတွေပါဆိုတဲ့အဖြစ်အပျက်ဘုန်းကြီးတွေကိုသူတောင်းစားလို့ပြောတဲ့မိန်းမတစ်ယောက်ကြောင့်ဦးဇင်းလေးတစ်ပါးကပြန်ရေးထားတာလေးပါ။ဟုတ်ပါတယ်ဘုန်းကြီးဆိုတာသူတောင်းစားတွေပါ။မိုးမလင်းသေးဘူးသူများအိမ်ရှေ့တံစက်မြိတ်အောက်မှာခွက်အမည်းကြီးပိုက်ပြီးတန်းစီးပြီးတောင်းစားနေတာကျုပ်တို့တွေပါ။

ဒီသာသနာထဲဝင်လာရင်ဒီလိုကဲ့ရဲပြစ်တင်ဝေဖန်မယ်ဆိုတာသိနေပါလျက်ဇွတ်ထိုးပြီးကတုံးတုံးသင်္ကန်းဝတ်ခဲ့ကြတာဒီသူတောင်းစားတွေပေါ့။ကိုယ်ပိုင်စီးပွားရေးကမရှိ၊တစ်လတစ်ခါ လစာရတဲ့ဝန်ထမ်းတွေလည်းမဟုတ်လို့တောင်းစားမိတာခွင့်လွတ်ပါဗျာ။ဘုရားရှင်ရဲ့သားတော်တွေမို့ရှေ့ရှေ့ဘုရားရှင်တို့်ပညတ်ထားတော်မူသည့်ဝိနည်းစည်းကမ်းတွေထဲာင်းစားရမယ်လို့ ပညတ်ထားတော့ကျုပ်တို့လည်းတောင်းစားရတာပေါ့။အများထင်သလိုသာသနာ့ဘောင်ကအနေလည်းမချောင်၊အစားလည်းမချောင်ပါဘူး။ဒါကိုကိုယ်တိုင်းဝတ်ဖူးမှစာနာနားလည်ပါလိမ့်မယ်။

ဦးဇင်းတို့လည်းဘယ်တောင်းစားချင်ပါ့မလဲ၊အထင်သေးတဲ့ မျက်ဝန်းတွေကိုရင်ဆိုင်ဖို့အင်အားတွေလည်းချို့တဲ့နေပါပြီ။ဒီသာသနာမှာဒီသူတောင်းစားတွေသာမရှိခဲ့ရင်ဒီဘုရားသာသနာ ပျောက်ကွယ်တာကြာရောပေါ့။ခုလည်းသူတောင်းစားတွေမများတော့ပါဘူး။နောက်ဆိုခင်များတို့ပေးချင်ကမ်းချင်တယ်ဆိုရင်တောင်နေပူပူမိုးရွာရွာအိမ်ရှေ့မှာလာတောင်းကြတဲ့ဒီသူတောင်းစားတွေကိုနောက်ဆိုခင်များတို့မြင်ရတော့မှာမဟုတ်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *