ကိုဗစ္လကၡဏာဟာ ေခ်ာင္းဆိုးဖ်ားနာျခင္းေတြထက္ အနံ႔ေပ်ာက္ျခင္းဟာ အေသခ်ာဆုံးျဖစ္တယ္လို႔ ပညာရွင္မ်ားေျပာ

အနံ႔ေပ်ာက္သြားျခင္းက ေခ်ာင္းဆိုး ျခင္းဖ်ားျခင္းတို႔ထက္ပိုမိုေသခ်ာေသာCoronavirusလကၡဏာတစ္ရပ္ျဖစ္သည္ဟုကြၽမ္းက်င္ပညာရွင္မ်ားကဆိုလိုက္ပါသည္။စဗိတိန္ NHSကအဓိက ေရာဂါလကၡဏာသုံးခုကိုေဖာ္ျပရာတြင္အဆက္မျပတ္ေခ်ာင္းဆိုးျခင္း၊အဖ်ားရွိျခင္းႏွင့္ အနံ႔အရသာေပ်ာက္ျခင္းတို႔ပါဝင္ခဲ့သည္။ထိုေရာဂါလကၡဏာမ်ားကိုခံစားရေသာအခ်ိန္သည္လူနာတစ္ဦးႏွင့္တစ္ဦးမတူႏိုင္ဘဲအခ်ိဳ႕မွာ ေရာဂါလကၡဏာမျပျခင္းပင္ရွိပါသည္။

King’s College London၏သိပၸံပညာရွင္မ်ားက ေရာဂါ ကူးစက္ခံရသူမ်ားသည္ ေခါင္းကိုက္ျခင္း ႏွင့္ ေမာပန္းလြယ္ျခင္းကိုဦးစြာခံစားရ ေၾကာင္း ေတြ႕ရွိခဲ့သည္ဟု ဆိုပါသည္။စမ္းသပ္မႈတြင္ပါဝင္ေသာလူနာ၈၂ရာခိုင္ႏႈန္းႏွင့္၇၂ရာခိုင္ႏႈန္းသည္ ေခါင္းကိုက္ျခင္းႏွင့္ ေမာပန္းျခင္း ေဝဒနာအသီးသီးခံစားခဲ့ရၿပီးကိုးရာခိုင္ႏႈန္းခန႔္သာ ႏွစ္ခုစလုံးမခံစားခဲ့ရျခင္းျဖစ္သည္။

University College Londonရဲ႕သုေတသနမွာမူလူငါးေယာက္တြင္ေလးေယာက္မွာအနံ႔အရသာေပ်ာက္သည့္လကၡဏာကိုခံစားခဲ့ရသည္ဟုဆိုပါသည္။၄၀ရာခိုင္ႏႈန္းခန႔္က ေခ်ာင္းဆိုးျခင္း၊အဖ်ားတက္ျခင္းမ်ိဳးမရွိခဲ့ၾကေပ။ထို႔ ျပင္ အရသာေပ်ာက္ျခင္းထက္အနံ႔ ေပ်ာက္ျခင္းကCOVID-19 ျဖစ္ရန္သုံးဆပိုမ်ားသည္ကိုလည္း ေတြ႕ရွိခဲ့ၾကသည္ဟုသိရပါသည္။

ယူနီကုတ္ျဖင့္ဖတ္ရန္
ကိုဗစ်လက္ခဏာဟာချောင်းဆိုးဖျားနာခြင်းတွေထက်အနံ့ပျောက်ခြင်းဟာအသေချာဆုံးဖြစ်တယ်လို့ပညာရှင်များပြော

အနံ့ပျောက်သွားခြင်းကချောင်းဆိုးခြင်း၊ဖျားခြင်းတို့ထက်ပိုမိုသေချာသောCoronavirusလက္ခဏာတစ်ရပ်ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များကဆိုလိုက်ပါသည်။ဗြိတိန်NHS က အဓိကရောဂါလက္ခဏာသုံးခုကိုဖော်ပြရာတွင်အဆက်မပြတ်ချောင်းဆိုးခြင်း၊အဖျားရှိခြင်းနှင့်အနံ့အရသာပျောက်ခြင်းတို့ပါဝင်ခဲ့သည်။ထိုရောဂါလက္ခဏာများကိုခံစားရသောအချိန်သည်လူနာတစ်ဦးနှင့်တစ်ဦးမတူနိုင်ဘဲအချို့မှာရောဂါလက္ခဏာမပြခြင်းပင်ရှိပါသည်။

King’s College London၏သိပ္ပံပညာရှင်များကရောဂါ ကူးစက်ခံရသူများသည်ခေါင်းကိုက်ခြင်းနှင့်မောပန်းလွယ်ခြင်းကို ဦးစွာခံစားရရှိခဲ့သည်ဟုဆိုပါသည်။စမ်းသပ်မှုတွင်ပါဝင်သောလူနာ၈၂ရာခိုင်နှုန်းနှင့်၇၂ရာခိုင်နှုန်းသည်ခေါင်းကိုက်ခြင်းနှင့်မောပန်းခြင်းဝေဒနာအသီးသီးခံစားခဲ့ရပြီးကိုးရာခိုင်နှုန်းခန့်သာနှစ်ခုစလုံးမခံစားခဲ့ရခြင်းဖြစ်သည်။

University College Londonရဲ့သုတေသနမှာမူလူငါးယောက်တွင်လေးယောက်မှာအနံ့အရသာပျောက်သည့်လက္ခဏာကိုခံစားခဲ့ရသည်ဟုဆိုပါသည်။၄၀ရာခိုင်နှုန်းခန့်ကချောင်းဆိုးခြင်း၊အဖျားတက်ခြင်းမျိုးမရှိခဲ့ကြပေ။ထို့ပြင်အရသာပျောက်ခြင်းထက်အနံ့ပျောက်ခြင်းကCOVID-19ဖြစ်ရန်သုံးဆပိုများသည်ကိုလည်းတွေ့ရှိခဲ့ကြသည်ဟုသိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *