ဦးေဇာ္ေဇာ္တည္ေထာင္ေသာ ဧရာဝတီေဖာင္ေဒးရွင္းမွ ေဒၚလာ(၂)သန္းတန္ဖိုးရွိ ေဆး႐ုံသုံးပစၥည္းမ်ား ျပည္ပမွဝယ္ယူရန္စာခ်ဳပ္ခ်ဳပ္ဆို

ဧရာဝတီေဖာင္ေဒးရွင္းသည္ Covid-19အခက္အခဲကို ေက်ာ္လႊားႏိုင္ရန္အတြက္က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနဦးေဆာင္မႈျဖင့္ကုတင္(၁၀၀၀)ႏွင့Test and Careဧရာဝတီစင္တာကို ဆရာဝန္၊သူနာျပဳ၊ ေစတနာ့ဝန္ထမ္းစုစုေပါင္း(၇၀၀)ေက်ာ္ျဖင့္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါသည္။

Covid-19 ကာကြယ္ကုသေရးအတြက္လိုအပ္ေသာ ေဆး႐ုံသုံးကုတင္ (၁၂၅၀)၊ICU/HDUကုတင္(၂၀၀)၊ICU/HDU Monitor ႏွင့္ Wireless Control System မ်ား၊ ေဆး႐ုံအေဆာက္အဦအျဖစ္အသုံးျပဳႏိုင္မည့္ Tent မ်ား၊Liquid Oxygen Storage Tank(20 Tons) ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ PPE ႏွင့္ N95 Maskမ်ားကို ျပည္ပႏိုင္ငံမ်ားမွ ေဒၚလာ(၂)သန္းဖိုးဝယ္ယူတင္သြင္းသြားမည္ျဖစ္ပါသည္။

ထိုကဲ့သို႔ ဝယ္ယူရန္ AYA Bank ႏွင့္ မက္စ္ျမန္မာအုပ္စုမွ အေမရိကန္ေဒၚလာ (၂)သန္းကို ဧရာဝတီေဖာင္ေဒးရွင္းသို႔ ထပ္မံလႉဒါန္းခဲ့ၿပီး ဝယ္ယူတင္သြင္းေပးမည့္ ကုမၸဏီမ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ပါသည္။

ႀကိဳတင္ဝယ္ယူထားေသာ အခ်ိဳ႕ပစၥည္းမ်ားမွာ တစ္ပတ္အတြင္း စတင္ေရာက္ရွိလာမည္ ျဖစ္ၿပီး ရက္သတၱပတ္ (၃)ပတ္ၾကာတြင္ မွာယူထားေသာ ပစၥည္းမ်ားအားလုံး ေရာက္ရွိလာမည္ ျဖစ္ပါသည္။

ယူနီကုတ္ျဖင့္ဖတ္ရန္
ဦးဇော်ဇော်တည်ထောင်သောဧရာဝတီဖောင်ဒေးရှင်းမှ ဒေါ်လာ(၂)သန်းတန်ဖိုးရှိဆေးရုံသုံးပစ္စည်းများပြည်ပမှဝယ်ယူရန်စာချုပ်ချုပ်ဆို

ဧရာဝတီဖောင်ဒေးရှင်းသည်Covid-19အခက်အခဲကို ကျော်လွှားနိုင်ရန်အတွက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဦးဆောင်မှုဖြင့်ကုတင်(၁၀၀၀)နှင့်Test and Careဧရာဝတီစင်တာကိုဆရာဝန်၊သူနာပြု၊စေတနာ့ဝန်ထမ်းစုစုပေါင်း(၇၀၀)ကျော်ဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Covid-19ကာကွယ်ကုသရေးအတွက်လိုအပ်သောဆေးရုံသုံးကုတင်(၁၂၅၀)၊ICU/HDUကုတင်(၂၀၀)၊ICU/HDU Monitorနှင့် Wireless Control System များ၊ဆေးရုံအဆောက်အဦအဖြစ်အသုံးပြုနိုင်မည့်Tentများ၊Liquid Oxygen Storage Tank(20 Tons)နှင့်ဆက်စပ်ပစ္စည်းများ၊ PPEနှင့်N95 Maskများကိုပြည်ပနိုင်ငံများမှဒေါ်လာ(၂)သန်းဖိုးဝယ်ယူတင်သွင်းသွားမည်ဖြစ်ပါသည်။

ထိုကဲ့သို့ဝယ်ယူရန်AYA Bankနှင့်မက်စ်မြန်မာအုပ်စုမှအမေရိကန်ဒေါ်လာ(၂)သန်းကိုဧရာဝတီဖောင်ဒေးရှင်းသို့ထပ်မံလှူဒါန်းခဲ့ပြီးဝယ်ယူတင်သွင်းပေးမည့်ကုမ္ပဏီများနှင့်စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။

ကြိုတင်ဝယ်ယူထားသောအချို့ပစ္စည်းများမှာတစ်ပတ်အတွင်း စတင်ရောက်ရှိလာမည်ဖြစ်ပြီးရက်သတ္တပတ်(၃)ပတ်ကြာတွင် မှာယူထားသောပစ္စည်းများအားလုံးရောက်ရှိလာမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *