အသက္ရႉထုတ္တဲ့ ေလထဲကေနကိုဗစ္ပိုးကို စစ္ေဆး ရွင္းလင္းတဲ့ နည္းစနစ္ကို ဂ်ပန္တီထြင္

အသက္ရႉထုတ္တဲ့ ေလထဲကေန ကိုဗစ္ျဖစ္ေစသည့္ ကိုရိုနာဗိုင္းရပ္စ္ကို စစ္ေဆး ရွင္းလင္းတဲ့ နည္းစနစ္တစ္ခုကို တီထြင္ထားတယ္လို႔ ဂ်ပန္တကၠသိုလ္တစ္ခုနဲ႕ ကုမၸဏီတစ္ခုက ေျပာပါတယ္။Tohoku တကၠသိုလ္ နဲ႕ အႏုစိတ္ပစၥည္း ထုတ္လုပ္ေရးကုမၸဏီ Shimadzu က ဒီစစ္ေဆးတဲ့ နည္းစနစ္တစ္ခုရဲ႕ ေရွးေျပးပုံစံကို တီထြင္ၿပီးစီးခဲ့တာျဖစ္ပါတယ္။ ဒီနည္းစနစ္မွာ (၃)ပိုင္း ပါဝင္ပါတယ္။

ပထမအပိုင္းကအသက္ရႉထုတ္တဲ့ ေလကို(၅)မိနစ္ေလာက္ စုပ္ယူတာျဖစ္ပါတယ္။ဒုတိယအပိုင္းကအဲဒီေလထဲမွာပါလာတဲ့ဘယ္ကိုရိုနာဗိုင္းရပ္စ္အမ်ိဳးအစားကိုမဆို ေသသြားေအာင္လုပ္ၿပီး ဗိုင္းရပ္စ္မွာပါတဲ့ပရိုတိန္းဓာတ္ကိုထုတ္ယူမွာ ျဖစ္ပါတယ္။တတိယအပိုင္းက ဒီပရိုတိန္းဓာတ္ကို ဓာတ္ခြဲေလ့လာတာပါ။

ဒီနည္းစနစ္နဲ႕ စစ္ေဆးအေျဖေတြကို တစ္နာရီေလာက္အတြင္းမွာ ရနိုင္တယ္လို႔ တီထြင္ထုတ္လုပ္ထားသူေတြက ဆိုပါတယ္။ ႀကီးမားတဲ့ စစ္ေဆးကိရိယာကို အမ်ားႀကီးထုတ္လုပ္နိုင္ဖို႔က စိန္ေခၚမႈ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

လူနာ (၁၀) ဦးေလာက္ပါဝင္တဲ့ လက္ေတြ႕စမ္းသပ္မႈတစ္ခုကို လုပ္ၿပီးသြားၿပီျဖစ္ပါတယ္။ လူနာနဲ႕ လက္ေတြ႕စမ္းသပ္မႈေတြ ေနာက္ထပ္ ထပ္လုပ္သြားၿပီး၊ ဒီနည္းစနစ္နဲ႕စစ္ေဆးကိရိယာရဲ႕ အ႐ြယ္အစားကို ေသးေအာင္လုပ္ဖို႔ ဆက္ႀကိဳးစားသြားကာ လက္ေတြ႕အသုံးခ်သြားမယ္လို႔ တီထြင္ထုတ္လုပ္ထားသူေတြက ေျပာပါတယ္။

ယူနီကုတ္ျဖင့္ဖတ္ရန္
အသက်ရှူထုတ်တဲ့လေထဲကနေကိုဗစ်ပိုးကိုစစ်ဆေးရှင်းလင်းတဲ့ နည်းစနစ်ကိုဂျပန်တီထွင်

အသက်ရှူထုတ်တဲ့လေထဲကနေကိုဗစ်ဖြစ်စေသည့်ကိုရိုနာဗိုင်းရပ်စ်ကိုစစ်ဆေးရှင်းလင်းတဲ့နည်းစနစ်တစ်ခုကိုတီထွင်ထားတယ်လို့ဂျပန်တက္ကသိုလ်တစ်ခုနဲ့ကုမ္ပဏီတစ်ခုကပြောပါတယ်။Tohokuတက္ကသိုလ်နဲ့အနုစိတ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Shimadzuကဒီစစ်ဆေးတဲ့နည်းစနစ်တစ်ခုရဲ့ရှေးပြေးပုံစံကိုတီထွင်ပြီးစီးခဲ့တာဖြစ်ပါတယ်။ဒီနည်းစနစ်မှာ(၃)ပိုင်းပါဝင်ပါတယ်။

ပထမအပိုင်းကအသက်ရှူထုတ်တဲ့လေကို(၅)မိနစ်လောက်စုပ်ယူတာဖြစ်ပါတယ်။ဒုတိယအပိုင်းကအဲဒီလေထဲမှာပါလာတဲ့ ဘယ်ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားကိုမဆိုသေသွားအောင်လုပ်ပြီး ဗိုင်းရပ်စ်မှာပါတဲ့ပရိုတိန်းဓာတ်ကိုထုတ်ယူမှာဖြစ်ပါတယ်။ တတိယအပိုင်းကဒီပရိုတိန်းဓာတ်ကိုဓာတ်ခွဲလေ့လာတာပါ။

ဒီနည်းစနစ်နဲ့စစ်ဆေးအဖြေတွေကိုတစ်နာရီလောက်အတွင်းမှာရနိုင်တယ်လို့တီထွင်ထုတ်လုပ်ထားသူတွေကဆိုပါတယ်။ကြီးမားတဲ့စစ်ဆေးကိရိယာကိုအများကြီးထုတ်လုပ်နိုင်ဖို့ကစိန်ခေါ်မှုဖြစ်တယ်လို့လည်းပြောပါတယ်။

လူနာ(၁၀)ဦးလောက်ပါဝင်တဲ့လက်တွေ့စမ်းသပ်မှုတစ်ခုကိုလုပ်ပြီးသွားပြီဖြစ်ပါတယ်။လူနာနဲ့လက်တွေ့စမ်းသပ်မှုတွေ နောက်ထပ်ထပ်လုပ်သွားပြီး၊ဒီနည်းစနစ်နဲ့စစ်ဆေးကိရိယာရဲ့ အရွယ်အစားကိုသေးအောင်လုပ်ဖို့ဆက်ကြိုးစားသွားကာ လက်တွေ့အသုံးချသွားမယ်လို့တီထွင်ထုတ်လုပ်ထားသူတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *