


ယူနီကုတ်ဖြင့်ဖတ်ရန်
ကိုဗစ်ကိုအနိုင်တိုက်ဖို့ WHOကကျွမ်းကျင်ဝန်ထမ်း၄၀ပါဝင်တဲ့အဖွဲ့ရန်ကုန်ရောက်ပြီ

ကိုဗစ်အနိုင်ရန်တိုက်ရန်အတွက်WHO မှကူညီထောက်ပံ့သည့် ဆေးရုံသုံးလက်အိတ်အစုံ(၄၃၀၀၀)အပါအဝင်ကျွမ်းကျင် ဝန်ထမ်း(၄၀)ဦးလိုက်ပါလာသည့်အထူးလေယာဉ်ယနေ့ တွင်ရန်ကုန်မြို့သို့ရောက်ရှိလာပြီဖြစ်ကြောင်းသိရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၏ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုအစီအစဉ်ဖြင့်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ဆက်စပ်သောကျန်းမာရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှကူညီထောက်ပံ့သည့်ဆေးရုံသုံးလက်အိတ်အစုံ(၄၃၀၀၀)အပါအဝင်ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှကျွမ်းကျင်ဝန်ထမ်း(၄၀)ဦးလိုက်ပါလျက်(၂၄)ကြိမ်မြောက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့သယ်ယူပို့ဆောင်ရေးအထူးလေယာဉ်သည်အောက်တိုဘာလ(၁၈)ရက်နေ့၊နေ့လယ်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *