နိုင္ငံေတာ္ေထာက္ပံ့ေၾကးမ်ားဒီလထဲ‌ေနာက္တစ္ခါထပ္ေပးမယ္

နိုင္ငံေတာ္မွ အေျခခံလူတန္းစားမ်ားအတြက္ေပးအပ္တဲ့ေထာက္ပံ့ေၾကးမ်ားကိုဒီလထဲေနာက္တစ္ခါထပ္ေပးမယ္လို့သိရပါတယ္။

ဇန္နဝါရီ၁၂ရက္နိုင္ငံေတာ္ေထာက္ပံ့ေၾကးႏွင့္ပတ္သက္၍ဆက္သြယ္ေမးျမန္းရာမွာအုတ္တြင္းၿမိဳ့နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳကေျပာပါတယ္။

“တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ေပးမွာေပါ့။ႏွုန္းေတာ့ အတိအက်မသိေသးဘူး။ႏွစ္ေသာင္းထက္ေတာ့မနည္းတာေသခ်ာတယ္။

ဒီတစ္ခါေတာ့ ေထာက္ပံ့ေၾကးေတြကိုအျပည့္အဝရမွာပါ။ဒီလထဲပဲေပးမွာပါ’ဟု၎ကေျပာပါတယ္။

နိုင္ငံေတာ္အစိုးရကစတုတၳအႀကိမ္ ေထာက္ပံ့‌ရာတြင္Stay at Home ျပင္ပတြင္ရွိေသာအိမ္ေထာင္စု (၁)စုလၽွင္(၂၀၀၀၀)က်ပ္ႏွုန္း၊Stay at Home အတြင္းရွိေသာ

အိမ္ေထာင္စု(၁)စုလၽွင္ (၄၀၀၀၀)က်ပ္ႏွုန္းျဖင့္ အိမ္ေထာင္စုေပါင္း(၆.၁)သန္းခန႔္အတြက္ က်ပ္(၁၆၃.၉၀၅)ဘီလီယံကိုႏိုင့င္ငံေတာ္အစိုးရက ေထာက္ပံ့ေၾကးမ်ားနိုဝင္ဘာလအတြင္းစတင္ေပးအပ္ေထာက္ပံ့ျခင္းျဖစ္ပါတယ္။

ပုံမွန္ဝင္ေငြမရွိေသာ အေျခခံလူတန္းစားအိမ္ေထာင္စုမ်ားကို ေငြ(၂၀၀၀၀)က်ပ္စီ ေထာက္ပံ့ျခင္းအား ၂၀၂၀ဇူလိုင္လ၊ဩဂုတ္လႏွင့္စက္တင္ဘာလအသီးသီး၌စုစုေပါင္း(၃)ႀကိမ္ ေဆာင္ရြက္ခဲ့ရာနိုင္ငံေတာ္အစိုးရအေနျဖင့္အိမ္ေထာင္စုေပါင္း(၅.၇)သန္းအတြက္ က်ပ္ (၄၀၄.၇၃၅)ဘီလီယံကို ေထာက္ပံ့ေပးနိုင္ခဲ့ပါတယ္။

မင္းသီဟန္/Myanmar Harp

ယူနီကုတ္​ျဖင္​့ဖတ္​ရန္
နိုင်ငံတော်ထောက်ပံ့ကြေးများဒီလထဲ‌နောက်တစ်ခါထပ်ပေးမယ်

နိုင်ငံတော်မှအခြေခံလူတန်းစားများအတွက်ပေးအပ်တဲ့ထောက်ပံ့ကြေးများကိုဒီလထဲနောက်တစ်ခါထပ်ပေးမယ်လို့သိရပါတယ်။

ဇန်နဝါရီ၁၂ရက်နိုင်ငံတော်ထောက်ပံ့ကြေးနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာမှာအုတ်တွင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ချိုချိုကပြောပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပေးမှာပေါ့။နှုန်းတော့ အတိအကျမသိသေးဘူး။နှစ်သောင်းထက်တော့မနည်းတာသေချာတယ်။

ဒီတစ်ခါတော့ထောက်ပံ့ကြေးတွေကိုအပြည့်အဝရမှာပါ။ဒီလထဲပဲပေးမှာပါ’ဟု၎င်းကပြောပါတယ်။

နိုင်ငံတော်အစိုးရကစတုတ္ထအကြိမ်ထောက်ပံ့‌ရာတွင်Stay at Homeပြင်ပတွင်ရှိသောအိမ်ထောင်စု(၁)စုလျှင် (၂၀၀၀၀)ကျပ်နှုန်း၊Stay at Homeအတွင်းရှိသော

အိမ်ထောင်စု(၁)စုလျှင်(၄၀၀၀၀)ကျပ်နှုန်းဖြင့်အိမ်ထောင်စုပေါင်း(၆.၁)သန်းခန့်အတွက်ကျပ်(၁၆၃.၉၀၅)ဘီလီယံကိုနိုင်ငံတော်အစိုးရကထောက်ပံ့ကြေးများနိုဝင်ဘာလအတွင်းစတင်ပေးအပ်ထောက်ပံ့ခြင်းဖြစ်ပါတယ်။

ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေ(၂၀၀၀၀)ကျပ်စီထောက်ပံ့ခြင်းအား၂၀၂၀ဇူလိုင်လ၊ ဩဂုတ်လနှင့်စက်တင်ဘာလအသီးသီး၌စုစုပေါင်း(၃)ကြိမ် ဆောင်ရွက်ခဲ့ရာနိုင်ငံတော်အစိုးရအနေဖြင့်အိမ်ထောင်စုပေါင်း(၅.၇)သန်းအတွက်ကျပ်(၄၀၄.၇၃၅)ဘီလီယံကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

မင်းသီဟန်/Myanmar Harp

Leave a Reply

Your email address will not be published. Required fields are marked *