ယူနီကုတ်​ဖြင့်​ဖတ်​ရန်
New Yangonစပြီ၊မြန်မာ့စည်းကမ်းကိုကမ္ဘာသိအောင်ပြကြပါ
ရန်ကုန်ကိုဗစ်စစ်သူကြီးဒေါက်တာဇော်ဝေစိုးပြောပြီ။New normal၊New living၊New Yangonစတင်တော့မယ်။
ရန်ကုန်မှာကိုဗစ်လူနာ၂၀၀အောက်ရောက်တာ၂ရက်ရှိပါပြီ။ရန်ကုန်ကိုဗစ်သေနှုန်း၁၀အောက်ရောက်တာ၃ရက်ရှိပါပြီ။
ဒါပေမယ့်နိုင်ငံတကာမှာကိုဗစ်တတိယလှိုင်းနဲ့
အတူကာကွယ်ဆေးထိုးနေတဲ့အင်္ဂလန်နဲ့အမေရိကားမှာဖြစ်နှုန်းသေနှုန်းတွေတက်နေပါတယ်
ကာကွယ်ဆေးအားကိုးနဲ့ပေါ့လို့မရပါဘူး။ဆေးတက္ကသိုလ်ကစလို့ကျောင်းတွေစဖွင့်ပါ့မယ်။ပညာရေးစနစ်ပြန်အသက်သွင်းပါ့မယ်။
ရုံးတွေစက်ရုံတွေစီးပွားရေးလုပ်ငန်းတွေ new normal ၊new livingစနစ်နဲ့တဆင့်ချင်းဖွင့်ပါတော့မယ်။
တဖက်ကဖွင့်ပေးသလိုတဖက်ကလည်းကိုဗစ်ဝင်လာနိုင်မယ့် အပေါက်တွေကိုစက္ကန့်မလပ်စောင့်ကြည့်နေဖို့လိုပါတယ်။တဦးချင်းတစ်ယောက်ချင်းကစလို့အိမ်တိုင်း၊မြို့နယ်တိုင်း၊ကိုဗစ်ဝင်ပေါက်ကိုပိတ်ဆို့ကြဖို့လိုပါတယ်
တဖက်ကဖွင့်သလိုတဖက်ကစည်းကမ်းတင်းကျပ်ပိတ်ဆို့ဖို့လိုပါတယ်။လှည်းနေလှေအောင်းမြင်းဇောင်းမကျန်၊လူကြီးလူငယ်အသက်အရွယ်မရွေးmaskတပ်ကြပါ။
လက်ဆေးကြပါ။ခပ်ခွာခွာနေကြပါ။ဆိုတဲ့Yellow Campaingမှာပါဝင်ဆင်နွှဲရင်းကမ္ဘာမှာမြန်မာ့စည်းကမ်းကိုပြကြပါလို့အားမာန်ပါပါလက်သီးဆုပ်ပြီးပြောသွားပါပြီ။
ဒါကရန်ကုန်စစ်သူကြီးဒေါက်တာဇော်ဝေစိုးပြောသွားတာပါ။(အပျက်တွေမတွေးမပြောကြပါနဲ့maskတပ်၊လက်ဆေးပြီးအလုပ်နဲ့သက်သေပြကြပါ။ဒီပိတ်ဖွင့်ပုံစံကိုနေပြည်တော်မှာကျင့်သုံးနေတာလက်တွေ့အကျိုးရှိပါတယ်။
မယုံရင်နေပြည်တော်သားတွေကိုမေးကြည့်ပါ။ဆိုင်တွေ၊ပန်းခြံတွေနေပြည်တော်မှာပြန်ဖွင့်နေပါပြီ။ရန်ကုန်သားတို့ညီညွတ်မှုကိုပြကြပါ။ရန်ကုန်မှသည်တနိုင်ငံလုံးကိုဗစ်ရန်တွန်းလှန်ကြပါစို့
Leave a Reply
Your email address will not be published. Required fields are marked *