နာေရးလမ္းေၾကာင္းလိုက္ပို့ရင္း ကားငါးစီးဆင့္တိုက္တဲ့အထဲပါျပီး အက္ဆီဒင့္ျဖစ္ခဲ့တဲ့ ေက်ာ္သူ

ပရဟိတမင္းသားႀကီးဦးေက်ာ္သူကေတာ့သူ႔ဘဝရဲ႕ ျဖတ္သန္းလာခဲ့တဲ့အခ်ိန္အမ်ားစုမွာအနုပညာအလုပ္ေတြနဲ့ အမ်ားအက်ိဳးကိုသယ္ပိုးေဆာင္႐ြက္ရင္းကုန္လြန္ခဲ့တာ ျဖစ္ပါတယ္။

ေက်ာ္သူကအသက္အရြယ္တစ္ခုေရာက္ရိွေနျပီဆုိေပမယ့္လက္ရိွ ကိုဗစ္ကာလမွာလည္းလူငယ္ေတြနဲ့အျပိဳင္ ပရဟိတအလုပ္ေတြစြမ္းစြမ္းတမံလုပ္ကိုင္ခဲ့ျပီး ျပီးခဲ့တဲ့လပိုင္းအတြင္းကလည္းကိုဗစ္ပိုးကူးစက္ခံရတဲ့အထိ ျဖစ္ခဲ့ျပီပဲ ျဖစ္ပါတယ္။

ဒီကေန့မွာလည္း ေက်ာ္သူကနာေရးကူညီမႈအသင္း ကားကို ေမာင္းရင္းနဲ့ကားငါးစီးဆင့္တိုက္ျပီးအက္ဆီဒင့္ျဖစ္ခဲ့ရေၾကာင္းအခုလိုပဲ ေျပာျပလာပါတယ္။ကားငါးစီးဆင့္ကာဆင့္ကာတိုက္ေသာ္ျငားဘာမွမပူပါနဲ႔။ဘာမွမျဖစ္ဘူး။ဗုဒၶဘုရားႏွလုံးသားမွာရွိတယ္။

ဘုန္းဘုန္းဘုရားလည္မွာဆြဲထားတယ္ယေန႔နာေရးကူညီမႈလမ္းေၾကာင္းေရေဝးသုႆန္သို႔အသြားလမ္းတစ္ေနရာရွိျဖတ္လမ္းရွိေသာေနရာတြင္ပင္မကားမ်ားရွင္းပါကတစ္ဖက္လမ္းသို႔ကူးရန္အတြက္တန္းစီေစာင့္ေနေသာကားေလးတစ္စီးႏွင့္လိုက္ထရပ္ကားအား ေနာက္မွအေဝးေျပးခရီးသယ္တင္ကားတစ္စီးမွတိုက္လိုက္၍ေရွ႕ဆုံးတြင္ရပ္ေနေသာ

ကားမွာတစ္ဆင့္ခ်င္းတိုက္ခံရၿပီးကြၽန္ေတာ္ေမာင္းလာသည့္နာေရးနိဗၺာန္ယာဥ္အား ေရွ႕ေဘးမွ ေဆာင့္တိုက္လိုက္၍မိမိမွေရွာင္လိုက္ ေသာ္လည္းမိမိ၏ညာဖက္ရွိဘတ္စ္ကားတစ္စီး၏ ေနာက္ပိုင္းေဘးဖက္ကိုမိမိမွတစ္ဆင့္တိုက္မိေတာ့သည္။

လူမ်ားဘာမွ်မျဖစ္ေသာ္လည္းတိုက္ခံရသည့္ကားငယ္(ေရွ႕/ေနာက္)၊လိုက္ထရပ္(ေရွ႕/ေနာက္)၊နာကူယာဥ္ ေရွ႕(ဘယ္/ညာ)၊ဘတ္စ္ကားႀကီး(ေနာက္ဖက္ဘယ္ဖက္ျခမ္းပြန္း)အသီးသီးထိသြားခဲ့သည္။ကားငါးစီးဆင့္ကာ ဆင့္ကာတိုက္ခံရသည့္ျဖစ္ရပ္ပင္ျဖစ္ေတာ့သည္။”

“မိမိမွလမ္းမွန္၊ပုံမွန္ေမာင္းေသာ္ျငားတစ္ဖက္မွ အႏၲရာယ္သည္မည္ကဲ့သို႔လာမည္ကိုအထူးသတိထားရန္ အသိတရားတစ္ခုရွိခဲ့ရသည္။နိဗၺာန္ယာဥ္ေပၚပါလာေသာ ဘဝကူးသြားသည့္႐ုပ္ခႏၶာအားအသင္းမွ နိဗၺာန္ယာဥ္ တစ္စီးအားအျမန္ေခၚ၍ ေဘာ္ဒီအားေျပာင္းေ႐ႊ႕ကာ ေရေဝးသုႆန္သို႔ပို႔ေဆာင္သၿဂႋဳလ္ေပးမႈအားတာဝန္မပ်က္၊တာဝန္ေၾကစြာလုပ္ေဆာင္ေပးခဲ့ပါသည္။

အသင္းသို႔ ျပန္အေရာက္သုခေဆးခန္းမွတာဝန္ရွိသူမ်ားမွအတင္းေခၚေဆာင္၍မိမိအားအာထရာေဆာင္းစက္ျဖင့္မိမိ၏ႏွလုံးအားစစ္ေဆးပါေတာ့သည္။ ေသြးေပါင္ခ်ိန္ျဖင့္ခ်ိန္ပါေတာ့သည္။ဘာမွမျဖစ္။ဘာမွမေတြ႕။မိမိတြင္ ဗုဒၶရွိေနသည္။ဘုန္းဘုန္းရွိေနသည္။

မည္သို႔ျဖစ္ေစ ေမာ္ေတာ္ကား၊ဆိုင္ကယ္၊စက္ဘီး၊လမ္းေလွ်ာက္သည့္ ေန႔စဥ္လုပ္ရပ္မ်ားတြင္မိမိသည္ ဘယ္ေလာက္မွန္မွန္၊ဘယ္ေလာက္ေျဖးေျဖး၊ ဘယ္ေလာက္သတိထားထားတစ္ဖက္မွအႏၲရာယ္သည္အခ်ိန္မေ႐ြး ထိပ္တိုက္ရင္ဆိုင္ႏိုင္သည္ကိုေတာ့သိထားသင့္ေတာ့သည္။”ဆိုျပီး ေျပာလာပါတယ္။

ေက်ာ္သူကေတာ့ကားငါးစီးၾကီးေတာင္ဆင့္တိုက္တဲ့ အႏၱရာယ္နဲ့ၾကံဳဆံုခဲ့ရေပမယ့္ဘာမွမျဖစ္ပဲပြန္းရာပဲ့ရာေလးေတာင္မရိွတာသူျပဳသမွ်ကုသိုလ္အက်ိဳးဆက္ေတြေၾကာင့္ဆိုတာယံုမွားဖြယ္မရိွပါဘူး။စိတ္ထားေကာင္းတဲ့ဦးေက်ာ္သူတစ္ေယာက္အသက္ရွည္က်န္းမာျပီးအမ်ားအက်ိဳးကိုဆက္လက္သယ္ပိုးေဆာင္ရြက္နုိင္ပါေစေနာ္။ဖတ္ရႈေပးတဲ့Cele Connectionsပရိသတ္ႀကီးအားလုံးလည္းသာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကိုပိုင္ဆိုင္ႏိုင္ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu ‘s fb
Bilie – Cele Connections

ယူနီကုတ္​ျဖင္​့ဖတ္​ရန္​
နာရေးလမ်းကြောင်းလိုက်ပို့ရင်းကားငါးစီးဆင့်တိုက်တဲ့အထဲပါပြီးအက်ဆီဒင့်ဖြစ်ခဲ့တဲ့ကျော်သူ

ပရဟိတမင်းသားကြီးဦးကျော်သူကတော့သူ့ဘဝရဲ့ဖြတ်သန်းလာခဲ့တဲ့အချိန်အများစုမှာအနုပညာအလုပ်တွေနဲ့အများအကျိုးကိုသယ်ပိုးဆောင်ရွက်ရင်းကုန်လွန်ခဲ့တာဖြစ်ပါတယ်။

ကျော်သူကအသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် လက်ရှိကိုဗစ်ကာလမှာလည်းလူငယ်တွေနဲ့အပြိုင်ပရဟိတအလုပ်တွေစွမ်းစွမ်းတမံလုပ်ကိုင်ခဲ့ပြီးပြီးခဲ့တဲ့လပိုင်းအတွင်းကလည်းကိုဗစ်ပိုးကူးစက်ခံရတဲ့အထိဖြစ်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်းကျော်သူကနာရေးကူညီမှုအသင်းကားကို မောင်းရင်းနဲ့ကားငါးစီးဆင့်တိုက်ပြီးအက်ဆီဒင့်ဖြစ်ခဲ့ရကြောင်းအခုလိုပဲ ယပြောပြလာပါတယ်။ကားငါးစီးဆင့်ကာဆင့်ကာတိုက်သော်ငြားဘာမှမပူပါနဲ့။ဘာမှမဖြစ်ဘူး။ဗုဒ္ဓဘုရား နှလုံးသားမှာရှိတယ်။

ဘုန်းဘုန်းဘုရားလည်မှာဆွဲထားတယ်။ယနေ့ နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွားလမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင္​ပင်မကားများရှင်းပါကတစ်ဖက်လမ်းသို့ကူးရန်အတွက်တန်းစီစောင့်နေသောကားလေးတစ်စီးနှင့်လိုက်ထရပ်ကားအးနောက်မှအဝေးပြေးခရီးသယ်တင်ကားတစ်စီးမှတိုက်လိုက်၍ရှေ့ဆုံးတွင်ရပ်နေသော

ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီးကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အားရှေ့ဘေးမှဆောင့်တိုက်လိုက်၍မိမိမှရှောင်လိုက်သော်လည်းမိမိ၏ညာဖက်ရှိဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက်ကိုမိမိမှတစ်ဆင့်တိုက်မိတော့သည်။

လူများဘာမျှမဖြစ်သော်လည်းတိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊လိုက်ထရပ်(ရှေ့/နောက်)၊နာကူယာဉ်ရှေ့(ဘယ်/ညာ)ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း)အသီးသီးထိသွားခဲ့သည်။ကားငါးစီးဆင့်ကာဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်။”

“မိမိမှလမ်းမှန်၊ပုံမှန်မောင်းသော်ငြားတစ်ဖက်မှအန္တရာယ်သည် မည်ကဲ့သို့လာမည်ကိုအထူးသတိထားရန်အသိတရားတစ်ခုရှိခဲ့ရသည်။နိဗ္ဗာန်ယာဉ်ပေါ်ပါလာသောဘဝကူးသွားသည့်ရုပ်ခန္ဓာအားအသင်းမှနိဗ္ဗာန်ယာဉ်တစ်စီးအားအမြန်ခေါ်၍ဘော်ဒီအားပြောင်းရွှေ့ကာရေဝေးသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုအားတာဝန်မပျက်၊တာဝန်ကြေစွာလုပ်ဆောင်ပေးခဲ့ပါသည်။

အသင်းသို့ပြန်အရောက်သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်၍မိမိအားအာထရာဆောင်းစက်ဖြင့် မိမိ၏နှလုံးအားစစ်ဆေးပါတော့သည်။သွေးပေါင်ချိန်ဖြင့်ချိန်ပါတော့သည်။ဘာမှမဖြစ်။ဘာမှမတွေ့။မိမိတွင္​ဗုဒ္ဓရှိနေသည်။ ဘုန်းဘုန်းရှိနေသည်။

မည်သို့ဖြစ်စေမော်တော်ကား၊ဆိုင်ကယ်၊စက်ဘီး၊လမ်းလျှောက်သည့်နေ့စဉ်လုပ်ရပ်များတွင်မိမိသည်ဘယ်လောက်မှန်မှန်၊ဘယ်လောက်ဖြေးဖြေး၊ဘယ်လောက်သတိထားထားတစ်ဖက်မှအန္တရာယ်သည်အချိန်မရွေးထိပ်တိုက်ရင်ဆိုင်နိုင်သည်ကိုတော့သိထားသင့်တော့သည်။”ဆိုပြီးပြောလာပါတယ်။

ကျော်သူကတော့ကားငါးစီးကြီးတောင်ဆင့်တိုက်တဲ့အန္တရာယ်နဲ့ကြုံဆုံခဲ့ရပေမယ့်ဘာမှမဖြစ်ပဲပွန်းရာပဲ့ရာလေးတောင်မရှိတာသူပြုသမျှကုသိုလ်အကျိုးဆက်တွေကြောင့်ဆိုတာယုံမှားဖွယ်မရှိပါဘူး။စိတ်ထားကောင်းတဲ့ဦးကျော်သူတစ်ယောက်အသက်ရှည်ကျန်းမာပြီးအများအကျိုးကိုဆက်လက်သယ်ပိုးဆောင်ရွက်နိုင်ပါစေနော်။ဖတ်ရှုပေးတဲ့Cele Connections ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu ‘s fb
Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *