ေနာင္ပြင့္ေတာ္မူမည့္အရိေမေတၱယ်ျမတ္စြာဘုရား ရွင္လက္ထက္တြင္တရားထူးေဟာမည္ဟူ ျဗာဒိတ္ေတာ္ရထားသည့္ဇလုံေတာင္ သမိုင္း

စစ္ကိုင္းတိုင္း ေဒသႀကီး ကသာခရိုင္၊ဗန္းေမာက္ၿမိဳ႕နယ္တြင္တည္ရွိၿပီး ဗန္းေမာက္ၿမိဳ႕မွေျမာက္ဘက္ ၁၂ မိုင္ခန့္ အကြာ ေတာအတြင္း ပင္လယ္ေရ မ်က္ႏွာျပင္အထက္ အျမင့္ေပ ၃ဝ၉ဝ ျမင့္ေသာေတာင္ေပၚတြင္ တည္ရွိပါတယ္။ ေျမပုံၫႊန္း အက္စ္ဂ်ီ ၄၅၁၃၄၉ ျဖစ္ပါတယ္။ ေတာေတာင္ လွ်ိုေျမာင္မ်ား နက္ရွိုင္းလွပါတယ္

(ဇလုံေတာင္ ဘုရားသမိုင္း) ေဂါတမ ဗုဒၶျမတ္စြာ ဘုရားရွင္သည္ မဟာ သကၠရာဇ္ ၁၂၃ ခုႏွစ္ ဝါေတာ္ ၂ဝ အရတြင္ သိၾကားမင္း ဖန္ဆင္း ေသာ နတ္ပန္းရထား ၅ဝဝ ျဖင့္ ရဟႏၲာ အရွင္သူျမတ္ ၅ဝဝ ၿခံရံၿပီး ေကာင္းကင္ခရီးမွဇလုံေတာင္ေတာ္သို႔
ႂကြေတာ္မူခဲ့ပါတယ္။ဇလုံေတာင္ (ေခၚ) ေဂါေဒါပလႅင္ေတာင္ေတာ္သည္ အေရွ႕ ဧရာဝတီ၊အေနာက္ သလႅာဝတီျမစ္ ႏွစ္လီတို႔၏ အလယ္ဗဟိုတြင္ တည္ရွိပါတယ္။

ေဂါေဒါပလႅင္ေတာင္ေတာ္တြင္ ဧရာပတၳနတ္နဂါးမင္း သားအဖတို႔၏ ေတာင္းပန္ ေလွ်ာက္ထားမႈေၾကာင့္ ခုနစ္ရက္ သီတင္းသုံးေတာ္မူလ်က္ နဂါးမင္းသားအဖ လႉဒါန္း ေသာ ဆြမ္းကို ဘုဥ္းေပးသုံးေဆာင္ေတာ္မူခဲ့ပါတယ္။က်န္ရွိေသာဆြမ္း၊ ဆြမ္းဟင္းမ်ား ကိုလည္း စိန္၊ ေ႐ႊ၊ ေငြ၊ ေက်ာက္သံ ပတၱျမားရတနာမ်ားျဖစ္ေစေၾကာင္း ဆုေတာင္း အဓိ႒ာန္ျပဳလ်က္ ေတာင္၏ ဝဲယာ၊ေရွ႕ေနာက္ စြန့္ႀကဲ ပက္ဖ်န္းခဲ့သည္ဟု သမိုင္းေက်ာက္စာတြင္ ေဖာ္ျပထားပါတယ္။

ထိုေတာင္ေတာ္တြင္ ဗ်ာဒိတ္ေတာ္ေပးဘုရားပုံေတာ္ႀကီး တစ္ဆူလည္း ဖူးျမင္နိုင္ပါတယ္။ ဗ်ာဒိတ္စကား မိန့္ၾကား ေတာ္မူသည္မွာ ”ညီဘြား အာနႏၵာ ေအာင္ေျမေခၚေသာဤ ေဂါေဒါပလႅင္ေတာင္ကလပ္၌ ပြင့္ေတာ္မူလတၱံေသာ အရိေမေတၱယ် ဘုရားရွင္’ သည္ ငါဘုရားကဲ့သု႔ိ အလႉခံယူကာ တရားထူးကို ေဟာၾကားေတာ္မူလိမ့္မည္” ဟုဗ်ာဒိတ္ေတာ္ထားခဲ့ေလ၏။ထိုေၾကာင့္ ထိုေဒသ၏ ေျမာက္ဘက္တြင္ ဖားကန့္ ေက်ာက္စိမ္းတြင္းမ်ား၊အေနာက္ဘက္၊ ေတာင္ဘက္ႏွင့္ အေရွ႕ဘက္ တို႔တြင္ ေ႐ႊတြင္းမ်ားျဖစ္လာသည္ဟုေဒသခံမ်ားက ယုံၾကည္ခဲ့ၾကတယ္။

ထု႔ိျပင္ အရပ္ေလးမ်က္ႏွာလုံး ကြၽန္းေတာႀကီးမ်ားသည္လည္း တန္ဖိုးမျဖတ္နိုင္ေသာ ရတနာမ်ား ျဖစ္သည္။ ဘုရားသမိုင္းတြင္ ၎က်ာက္ေတာင္သည္ငါးဆူေျမာက္ အရိေမေတၱယ် ဘုရားရွင္ တရားေဟာၾကား မည့္ေနရာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ေက်ာက္ေတာင္သည္ သံေတာင္ ၄၄၄ ေတာင္ျဖစ္၍ ေပအားျဖင့္ ၆၆၆ေပ ျမင့္သည္။ဤ ေက်ာက္ေတာင္ကို ဘုရားပြင့္မည့္ သလြန္ေတာင္ေတာ္ ဟုေခၚခဲ့ၿပီးေနာင္တြင္ ေဒသခံမ်ားက ဇလုံေမွာက္ ထားသည္ႏွင့္ တူ၍ ဇလုံေတာင္ ဟုေခၚခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

လြန္ခဲ့ေသာႏွစ္ ၈ဝ ခန့္က ေျမပုံေပၚတြင္လည္း
သလြန္ေတာင္ ဟုသာေဖာ္ျပထားသည္ကို ေတြ႕ရသည္။ ေက်ာက္ေတာင္ႀကီးေပၚတြင္ ဘုရားတည္ခဲ့သည္မွာ သကၠရာဇ္ ၄၉၂ ခုႏွစ္က ျဖစ္သည့္အတြက္ ႏွစ္ေပါင္း ၉ဝဝ ခန့္ၾကာခဲ့ၿပီ ျဖစ္ပါတယ္။အရွင္ဓမၼဒႆီ အမည္ရွိ အရွင္ အရဟံႏွင့္တပည့္ အရွင္အာစာရ မေထရ္ျမတ္ႏွစ္ပါးသည္ ေဂါေဒါပလႅင္ ေခၚ ဇလုံေတာင္သု႔ိ ႂကြေရာက္ေတာ္မူခဲ့ၿပီး ဣစာၦသယလိုတရ ခ်မ္းသာႀကီး ေအာင္ေတာ္မူ၊ ေအာင္ဆုယူ ေစတီမ်ားကိုဦးစြာပထမ တည္ထား ကိုးကြယ္ခဲ့ၾကပါတယ္။

ထို႔ေနာက္ သကၠရာဇ္ ၁၂၁၁ ခုႏွစ္တြင္ ဝိဇၨာမဟိဒၶိ အရွင္ဟု ေပၚလြင္ထင္ရွားေသာ ဘုန္းႀကီး ဦးသာေအး အရွင္ျမတ္က ေအာင္ေတာ္မူ၊ေအာင္ဆုယူ ေစတီမ်ားကို ဒုတိယအႀကိမ္ မြမ္းမံ ျပဳျပင္၍ ‘ေအာင္ေက်ာ္ေအးေအာင္ ဇလုံေတာင္’ ဟု သာသနာျပဳ ေမာ္ကြန္းတင္ခဲ့ပါတယ္။သကၠရာဇ္ ၁၂၇၆ ခုႏွစ္တြင္ စက္ေတာကိုးဌာန အဝင္ကန္႐ြာ ေက်ာင္းဆရာေတာ္ႏွင့္တိုက္သူႀကီး ဦးေ႐ႊသီး ၊ ရပ္ေဝးရပ္နီးၿမိဳ႕႐ြာ ဒါယကာတို႔က ေၾကးအခ်ိန္ ၂၅ ပိႆာျဖင့္ေၾကးေခါင္းေလာင္း သြန္းလုပ္ လႉဒါန္းၿပီး သကၠရာဇ္ ၁၂၉၇ ခုႏွစ္တြင္ ေသာင္သြတ္ၿမိဳ႕ဝဲတက္႐ြာ ဇာတိ အရွင္ကုေဝရက သားေတာ္ေတာင္ ေက်ာက္ပလႅင္၌ဂႏၶကုဋိတိုက္ ေစတီငါးဆူ တည္ထားကာ ဉာဏ္ေတာ္ ေလးေပရွိ၊ လိုတိုင္းျပည့္ဗ်ာဒိတ္ေပး ပၪၥေလာဟာ ဗုဒၶ႐ုပ္ပြားေတာ္ သြန္းေလာင္း၍ တတိယအႀကိမ္ ထူးျခားစြာ သာသနာျပဳ ခဲ့ေၾကာင္း သိရွိရပါတယ္။

သကၠရာဇ္ ၁၃၁၁ ခုႏွစ္တြင္ စက္ေတာ ကုန္းရိုးႀကီးေက်ာင္း ဆရာေတာ္ႀကီးႏွင့္အလယ္႐ြာ၊ ကန္႐ြာ၊ အေနာက္တာ ဆရာေတာ္ႀကီးမ်ား ဦးေဆာင္၍ ရပ္ေဝးရပ္နီးၿမိဳ႕႐ြာ ဒါယကာတို႔က ေအာင္ဆုယူေစတီမ်ားကို မြမ္းမံျပင္ဆင္၍ စတုတၳအႀကိမ္ ေ႐ႊထီးေတာ္ အထြတ္တင္လႉကာ သာသနာျပဳ ခဲ့ေၾကာင္း သာသနာ ေမာ္ကြန္းတင္ေက်ာက္စာတြင္ ေဖာ္ျပထားပါတယ္။ဤေက်ာက္ေတာင္ႀကီးမွာ ခမည္းေတာ္ေတာင္ ႏွင့္ မယ္ေတာ္ေတာင္ ေက်ာက္လုံးႀကီးမ်ား ႏွစ္လုံးပူးတြဲၿပီးေဘးအနည္းငယ္ နိမ့္ေသာ ႏွစ္ဖက္တြင္ သားေတာ္ေတာင္၊ သမီးေတာ္ေတာင္ တြဲေနပါတယ္။

လြန္ခဲ့ေသာ ႏွစ္ေလးဆယ္ခန့္က သမီးေတာ္ေက်ာက္ေတာင္ႀကီး ပဲ့က်ခဲ့ပါတယ္။အဆိုပါ ေက်ာက္လုံးႀကီး ပဲ့က် ေသာ အသံသည္ ဗန္းေမာက္ၿမိဳ႕နယ္ တစ္နယ္လုံးသိမ့္သိမ့္တုန္ ျမည္ဟည္း ရိုက္ခတ္ခဲ့ေၾကာင္းသိရသည္ ေက်ာက္ေတာင္ထိပ္ကိုတက္သည့္ အခါတြင္ေက်ာက္ေတာင္ႀကီး ႏွစ္လုံးၾကားမွ အုတ္ေလွကားျဖင့္ ေကြ႕ပတ္ တက္ရပါတယ္၊။က်ဥ္းက်ပ္ေနေသာ ေနရာတြင္ ေက်ာက္တံခါးႀကီးလည္းရွိပါတယ္။ အကုသိုလ္မ်ားသူ မေက်ာ္နိုင္၊ မဝင္နိုင္ဟု ဆိုၾကပါတယ္။ အမွန္တကယ္ မဝင္နိုင္သူကိုလည္း ေတြ႕ခဲ့ရပါတယ္။ေက်ာက္ေတာင္ႀကီးေပၚရွိ ဘုရားမ်ားကို ေတာင္ေျခမွလည္း ထင္ထင္ရွားရွားဖူးေျမာ္ရပါတယ္

ကုတ္ကတ္ တြယ္တက္ရေသာ ေနရာလည္း ရွိပါတယ္။ အေပၚေက်ာက္တုံးႀကီး တစ္ခုႏွင့္ တစ္ခုၾကား ေက်ာက္ေက်ာမွ တစ္ဆင့္ ကူးသြားရသည္မွာလည္း ႏွစ္ဖက္လုံး နက္ရွိုင္းေသာ ေခ်ာက္ႀကီးႏွင့္ ျဖစ္၍အသည္းယားစရာ ျဖစ္ၾကရပါတယ္။အခ်ိဳ႕သူမ်ား မကူးရဲပါ။ ဤ ေက်ာက္ေတာင္ႀကီးတြင္ ဇလုံေတာင္ အရွင္ႀကီး ရွိေၾကာင္း၊ဤဇလုံေတာင္ ဘုရားဖူးလွ်င္ အရိေမေတၱယ် ဘုရားဖူးရန္ စာရင္းတြင္ ပါဝင္မည္ျဖစ္ေၾကာင္း အဆိုတစ္ရပ္ ရွိၾကပါတယ္။”ဇလုံေတာင္အရွင္ စာရင္းမဝင္ရင္ ေမတၱာရွင္နဲ႕ လြဲရမယ္” ဟုဆိုသည္။ထို႔ေၾကာင့္ ရပ္ေဝးရပ္နီး ေဒသမ်ားမွ ႏွစ္စဥ္ ဘုရားဖူး လာၾကေၾကာင္းေတြ႕ျမင္ရသည္။ အခ်ိဳ႕ဆိုလွ်င္ႏွစ္ရက္သုံးရက္လမ္းေလွ်ာက္လာၾကေၾကာင္းေတြ႕ျမင္ရသည္။

crd(မူရင္းpostတင္သူ)

ယူနီကုတ္​ျဖင္​့ဖတ္​ရန္
နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား ရှင်လက်ထက်တွင် တရားထူးဟောမည်ဟူ ဗြာဒိတ်တော်ရထားသည့် ဇလုံတောင် သမိုင်း

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်၊ဗန်းမောက်မြို့နယ်တွင်တည်ရှိပြီး ဗန်းမောက်မြို့မှမြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောအတွင်း ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သောတောင်ပေါ်တွင် တည်ရှိပါတယ်။ မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်ပါတယ်။ တောတောင် လျှိုမြောင်များ နက်ရှိုင်းလှပါတယ်

(ဇလုံတောင် ဘုရားသမိုင်း) ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်း သော နတ်ပန်းရထား ၅ဝဝ ဖြင့် ရဟန္တာ အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှဇလုံတောင်တော်သို့ကြွတော်မူခဲ့ပါတယ်။ဇလုံတောင် (ခေါ်) ဂေါဒေါပလ္လင်တောင်တော်သည် အရှေ့ ဧရာဝတီ၊အနောက် သလ္လာဝတီမြစ် နှစ်လီတို့၏ အလယ်ဗဟိုတွင် တည်ရှိပါတယ်။

ဂေါဒေါပလ္လင်တောင်တော်တွင် ဧရာပတ္ထနတ်နဂါးမင်း သားအဖတို့၏ တောင်းပန် လျှောက်ထားမှုကြောင့် ခုနစ်ရက် သီတင်းသုံးတော်မူလျက် နဂါးမင်းသားအဖ လှူဒါန်း သော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ပါတယ်။ကျန်ရှိသောဆွမ်း၊ ဆွမ်းဟင်းများ ကိုလည်း စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားရတနာများဖြစ်စေကြောင်း ဆုတောင်း အဓိဋ္ဌာန်ပြုလျက် တောင်၏ ဝဲယာ၊ရှေ့နောက် စွန့်ကြဲ ပက်ဖျန်းခဲ့သည်ဟု သမိုင်းကျောက်စာတွင် ဖော်ပြထားပါတယ်။

ထိုတောင်တော်တွင် ဗျာဒိတ်တော်ပေးဘုရားပုံတော်ကြီး တစ်ဆူလည်း ဖူးမြင်နိုင်ပါတယ်။ ဗျာဒိတ်စကား မိန့်ကြား တော်မူသည်မှာ ”ညီဘွား အာနန္ဒာ အောင်မြေခေါ်သောဤ ဂေါဒေါပလ္လင်တောင်ကလပ်၌ ပွင့်တော်မူလတ္တံသော အရိမေတ္တေယျ ဘုရားရှင်’ သည် ငါဘုရားကဲ့သု့ိ အလှူခံယူကာ တရားထူးကို ဟောကြားတော်မူလိမ့်မည်” ဟုဗျာဒိတ်တော်ထားခဲ့လေ၏။ထိုကြောင့် ထိုဒေသ၏ မြောက်ဘက်တွင် ဖားကန့် ကျောက်စိမ်းတွင်းများ၊အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက် တို့တွင် ရွှေတွင်းများဖြစ်လာသည်ဟုဒေသခံများက ယုံကြည်ခဲ့ကြတယ်။

ထု့ိပြင် အရပ်လေးမျက်နှာလုံး ကျွန်းတောကြီးများသည်လည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ ဘုရားသမိုင်းတွင် ၎င်းကျာက်တောင်သည်ငါးဆူမြောက် အရိမေတ္တေယျ ဘုရားရှင် တရားဟောကြား မည့်နေရာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ကျောက်တောင်သည် သံတောင် ၄၄၄ တောင်ဖြစ်၍ ပေအားဖြင့် ၆၆၆ပေ မြင့်သည်။ဤ ကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တောင်တော် ဟုခေါ်ခဲ့ပြီးနောင်တွင် ဒေသခံများက ဇလုံမှောက် ထားသည်နှင့် တူ၍ ဇလုံတောင် ဟုခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့သောနှစ် ၈ဝ ခန့်က မြေပုံပေါ်တွင်လည်း
သလွန်တောင် ဟုသာဖော်ပြထားသည်ကို တွေ့ရသည်။ ကျောက်တောင်ကြီးပေါ်တွင် ဘုရားတည်ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်အတွက် နှစ်ပေါင်း ၉ဝဝ ခန့်ကြာခဲ့ပြီ ဖြစ်ပါတယ်။အရှင်ဓမ္မဒဿီ အမည်ရှိ အရှင် အရဟံနှင့်တပည့် အရှင်အာစာရ မထေရ်မြတ်နှစ်ပါးသည် ဂေါဒေါပလ္လင် ခေါ် ဇလုံတောင်သု့ိ ကြွရောက်တော်မူခဲ့ပြီး ဣစ္ဆာသယလိုတရ ချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကိုဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။

ထို့နောက် သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဝိဇ္ဇာမဟိဒ္ဓိ အရှင်ဟု ပေါ်လွင်ထင်ရှားသော ဘုန်းကြီး ဦးသာအေး အရှင်မြတ်က အောင်တော်မူ၊အောင်ဆုယူ စေတီများကို ဒုတိယအကြိမ် မွမ်းမံ ပြုပြင်၍ ‘အောင်ကျော်အေးအောင် ဇလုံတောင်’ ဟု သာသနာပြုမော်ကွန်းတင်ခဲ့ပါတယ်။သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင်စက်တောကိုးဌာနအဝင်ကန်ရွာ ကျောင်းဆရာတော်နှင့်တိုက်သူကြီးဦးရွှေသီး၊ရပ်ဝေးရပ်နီးမြို့ရွာ ဒါယကာတို့က ကြေးအချိန်၂၅ ပိဿာဖြင့်ကြေးခေါင်းလောင်း သွန်းလုပ် လှူဒါန်းပြီးသက္ကရာဇ် ၁၂၉၇ ခုနှစ်တွင် သောင်သွတ်မြို့ဝဲတက်ရွာဇာတိ အရှင်ကုဝေရကသားတော်တောင် ကျောက်ပလ္လင်၌ဂန္ဓကုဋိတိုက် စေတီငါးဆူတည်ထားကာ ဉာဏ်တော် လေးပေရှိ၊လိုတိုင်းပြည့်ဗျာဒိတ်ပေးပဉ္စလောဟာ ဗုဒ္ဓရုပ်ပွားတော်သွန်းလောင်း၍တတိယအကြိမ် ထူးခြားစွာ သာသနာပြု ခဲ့ကြောင်း သိရှိရပါတယ်။

သက္ကရာဇ်၁၃၁၁ခုနှစ်တွင်စက်တော ကုန်းရိုးကြီးကျောင်း ဆရာတော်ကြီးနှင့်အလယ်ရွာ၊ကန်ရွာ၊အနောက်တာ ဆရာတော်ကြီးများဦးဆောင်၍ရပ်ဝေးရပ်နီးမြို့ရွာဒါယကာတို့ကအောင်ဆုယူစေတီများကိုမွမ်းမံပြင်ဆင်၍စတုတ္ထအကြိမ်ရွှေထီးတော်အထွတ်တင်လှူကာသာသနာပြုခဲ့ကြောင်းသာသနာမော်ကွန်းတင်ကျောက်စာတွင်ဖော်ပြထားပါတယ်။ဤကျောက်တောင်ကြီးမှာခမည်းတော်တောင်နင့်မယ်တော်တောင်ကျောက်လုံးကြီးများနှစ်လုံးပူးတွဲပြီးဘေးအနည်းငယ်နိမ့်သေ နှစ်ဖက်တွင်သားတော်တောင်၊သမီးတော်တောင်တွဲနေပါတယ်။

လွန်ခဲ့သောနှစ်လေးဆယ်ခန့်ကသမီးတော်ကျောက်တောင်ကြီး ပဲ့ကျခဲ့ပါတယ်။အဆိုပါကျောက်လုံးကြီးပဲ့ကျသောအသံသည်ဗန်းမောက်မြို့နယ်တစ်နယ်လုံးသိမ့်သိမ့်တုန်မြည်ဟည်းရိုက်ခတ်ခဲ့ကြောင်းသိရသည်ကျောက်တောင်ထိပ်ကိုတက်သည့်အခါတွင်ကျောက်တောင်ကြီးနစ်လုံးကြားမှအုတ်လှေကားဖြင့်ကွေ့ပတ်တက်ရပါတယ်၊။ကျဉ်းကျပ်နေသောနေရာတွင်ကျောက်တံခါးကြီးလည်းရှိပါတယ်။အကုသိုလ်များသူမကျော်နိုင်၊မဝင်နိုင်ဟုဆိုကြပါတယ်။အမှန်တကယ်မဝင်နိုင်သူကိုလည်းတွေ့ခဲ့ရပါတယ်။ကျောက်တောင်ကြီးပေါ်ရှိ ဘုရားများကိုတောင်ခြေမှလည်းထင်ထင်ရှားရှားဖူးမြော်ရပါတယ်

ကုတ်ကတ်တွယ်တက်ရသောနေရာလည်းရှိပါတယ်။အပေါ်ကျောက်တုံးကြီးတစ်ခုနှင့်တစ်ခုကြားကျောက်ကျောမှတစ်ဆင့်ကူးသွားရသည်မှာလည်းနှစ်ဖက်လုံးနက်ရှိုင်းသောချောက်ကြီးနှင့်ဖြစ်၍အသည်းယားစရာဖြစ်ကြရပါတယ်။အချို့သူများမကူးရဲပါ။ဤကျောက်တောင်ကြီးတွင်ဇလုံတောင်အရှင်ကြီးရှိကြောင်း၊ဤဇလုံတောင်ဘုရားဖူးလျှင်အရိမေတ္တေယျဘုရားဖူးရန် စာရင်းတွင်ပါဝင်မည်ဖြစ်ကြောင်းအဆိုတစ်ရပ်ရှိကြပါတယ်။”ဇလုံတောင်အရှင်စာရင်းမဝင်ရင်မေတ္တာရှင်နဲ့လွဲရမယ်”ဟုဆိုသည်။ထို့ကြောင့်ရပ်ဝေးရပ်နီးဒေသများမှနှစ်စဉ်ဘုရားဖူးလာကြကြောင်းတွေ့မြင်ရသည်။အချို့ဆိုလျှင်နှစ်ရက်သုံးရက်လမ်းလျှောက်လာကြကြောင်းတွေ့မြင်ရသည်။

crd(မူရင်းpostတင်သူ)

Leave a Reply

Your email address will not be published. Required fields are marked *