ငလ်င္ဒဏ္ေၾကာင့္ထိခိုက္ပ်က္စီးခဲ့သည္ပုဂံရွိသဗၺညဳဘုရား(၁)ဆူသာက်န္ရွိၿပီးက်န္(၃၈၈)ဆူလုံးျပဳျပင္မႈၿပီးစီးသြားၿပီ

ငလ်င္ဒဏ္ေၾကာင့္ထိခိုက္ပ်က္စီးခဲ့သည္ပုဂံရွိသဗၺညဳဘုရား(၁)ဆူသာက်န္ရွိၿပီးက်န္(၃၈၈)ဆူလုံးျပဳျပင္မႈၿပီးစီးသြားၿပီလို႔သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးသူရဦးေအာင္ကိုက ေျပာၾကားလိုက္ပါတယ္။

၂၀၁၆ခုႏွစ္၊ ၾသဂုတ္လ(၂၄)ရက္ေန႔ ေျမငလ်င္လႈပ္ခတ္ခဲ့မႈေၾကာင့္ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသရွိ ေစတီပုထိုးမ်ားအနက္(၃၈၉)ဆူထိခိုက္ပ်က္စီး ခဲ့ၿပီး အဆိုပါထိခိုက္ပ်က္စီးခဲ့သည့္ ေစတီပုထိုးမ်ားကို(၄)ႏွစ္စီမံကိန္းျဖင့္သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန

ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက(၃၇၅)ဆူႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊အေဆာက္အဦအထူးအဖြဲ႕(၇)က(၁၄)ဆူ ျပဳျပင္ထိန္းသိမ္းမႈေဆာင္႐ြက္ခဲ့ရာတ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံယဥ္ေက်းမႈအေမြအႏွစ္စီမံခန႔္ခြဲေရးဌာနက(၉)ႏွစ္ၾကာ

ျပဳျပင္ထိန္းသိမ္းလ်က္ရွိသည့္ ေရရွည္ႀကံ့ခိုင္ေရး လုပ္ငန္း ေဆာင္႐ြက္ရမည့္သဗၺညဳဘုရား(၁)ဆူသာ က်န္ရွိၿပီးက်န္(၃၈၈)ဆူလုံးရာႏႈန္းျပည့္ ျပဳျပင္ၿပီးစီးသြားၿပီျဖစ္ပါတယ္လို႔ဝန္ႀကီးကဆိုပါတယ္။

ယင္းအျပင္ထပ္မံကြင္းဆင္းေတြ႕ရွိခ်က္အရ ျပဳျပင္ ထိန္းသိမ္းရန္လိုအပ္သည့္ ေရွးေဟာင္းဘုရားေစတီပုထိုး(၁၁၀)ဆူကိုပါတစ္ပါတည္း ျပဳျပင္ထိန္းသိမ္းမႈ ေဆာင္႐ြက္ႏိုင္ခဲ့သျဖင့္(၄)ႏွစ္စီမံကိန္းကာလအတြင္း စုစုေပါင္းေစတီပုထိုး(၄၉၈)ဆူ ျပဳျပင္ထိန္းသိမ္း ေဆာင္႐ြက္ႏိုင္ခဲ့ပါတယ္လို႔ဆိုပါတယ္။

လက္ရွိအစိုးရတာဝန္ယူၿပီးကာစ ျဖစ္သည့္၂၀၁၆ခုႏွစ္၊ ၾသဂုတ္လ(၂၄)ရက္ေန႔ ေခ်ာက္ၿမိဳ႕၏အေနာက္ဘက္ (၁၀)မိုင္ခန႔္အကြာကိုဗဟိုျပဳ၍ရစ္ခ်္စတာစေကး (၆.၈) ရွိေသာငလ်င္လႈပ္ခတ္မႈေၾကာင့္ပုဂံေညာင္ဦးေဒသရွိ

ေရွးေဟာင္းဘုရား ေစတီ(၃၈၉)ဆူ၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေရဆုံး႐ြာရွိ ေစတီဘုရား(၉၃) ဆူ၊ ရခိုင္ျပည္နယ္ ေျမာက္ဦးေဒသရွိ ေစတီပုထိုးႏွင့္ ေရွးေဟာင္းအေဆာက္အအုံ(၆)ဆူအပါအဝင္ အနယ္နယ္အရပ္ရပ္မွ ေရွးေဟာင္းအေဆာက္အအုံ (၆၀၀) ေက်ာ္ ထိခိုကပ်က္စီးမႈရွိခဲ့ၿပီးပုဂံရွိ ေစတီပုထိုးမ်ားပ်က္စီးခဲ့မႈ အတြက္ ျပည္သူလူထုႏွင့္အဖြဲ႕အစည္းမ်ား၊ ျပည္ပႏိုင္ငံမ်ားကအလႉရွင္မ်ား၏ လႉဒါန္းေငြက်ပ္(၆၇၉၉.၁၁၀) သန္းႏွင့္ ႏိုင္ငံျခားေငြမ်ိဳးစုံ(၁၀)မ်ိဳး၊အေမရိကန္ ေဒၚလာ(၁.၁)သန္းေက်ာ္ရရွိခဲ့ပါတယ္လို႔ဆိုပါတယ္။

အေသးစားထိခိုကပ်က္စီးခဲ့ေသာဘုရားေစတီ (၂၂၄) ဆူကိုမူလအလႉရွင္မ်ားက ေဆြစဥ္မ်ိဳးဆက္ ျပဳျပင္လႉဒါန္း လက္စျဖင့္ ဆက္လက္ျပဳျပင္ လႉဒါန္းခဲ့ၾကၿပီး ဝန္ႀကီးဌာနအေနျဖင့္လက္ရွိအစိုးရတာဝန္ယူၿပီးကာစတြင္ ျဖစ္ပြားခဲ့သည့္ငလ်င္ေၾကာင့္ထိခိုက္ပ်က္စီးမႈမ်ားကိုအစိုးရ၏ပထမသက္တမ္းကာလအတြင္းတြင္ပင္ ရာႏႈန္းျပည့္အားလုံးၿပီးစီးေအာင္ ျပဳျပင္ၿပီးစီးခဲ့ၿပီျဖစ္သျဖင့္ငလ်င္ဒဏ္ေၾကာင့္ပ်က္စီးခဲ့သည့္

ပုဂံ-ေညာင္ဦး ေဒသရွိ ေရွးေဟာင္း ဘုရား ေစတီပုထိုးမ်ား၊ သာသနိကအေဆာက္အအုံမ်ား ျပဳျပင္ ထိန္းသိမ္းေရးဦးစီး ေကာ္မတီ၏ အတြင္းေရးမႉးျဖစ္ေသာ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးက ယခု COVID -19 ျဖစ္ပြားေနေသာ ကာလ ယအတြင္းတြင္ ပုဂံေဒသသို႔ ကြင္းဆင္း သြားေရာက္စစ္ေဆးၿပီး (၄)ႏွစ္ စီမံကိန္းျဖင့္ ငလ်င္ဒဏ္ ခံေစတီပုထိုးမ်ား ျပဳျပင္ေဆာင္႐ြက္မႈလုပ္ငန္းကို အၿပီးသတ္အစီရင္ခံစာ ထုတ္ျပန္ရန္ ေဆာင္႐ြက္လ်က္ရွိပါတယ္လို႔ ဆိုပါတယ္။

TNO

ယူနီကုတ္​ျဖင္​့ဖတ္​ရန္
ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည်ပုဂံရှိသဗ္ဗညုဘုရား(၁)ဆူသာကျန်ရှိပြီးကျန်(၃၈၈)ဆူလုံးပြုပြင်မှုပြီးစီးသွားပြီ

ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည်ပုဂံရှိသဗ္ဗညုဘုရား(၁)ဆူသာကျန်ရှိပြီးကျန်(၃၈၈)ဆူလုံးပြုပြင်မှုပြီးစီးသွားပြီလို့သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုကပြောကြားလိုက်ပါတယ်။

၂၀၁၆ခုနှစ်၊သြဂုတ်လ(၂၄)ရက်နေ့မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့်ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိစေတီပုထိုးများအနက်(၃၈၉)ဆူထိခိုက်ပျက်စီးခဲ့ပြီးအဆိုပါထိခိုက်ပျက်စီးခဲ့သည့်စေတီပုထိုးများကို(၄)နှစ်စီမံကိန်းဖြင့်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက (၃၇၅)ဆူနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊အဆောက်အဦအထူးအဖွဲ့(၇)က(၁၄)ဆူပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခဲ့ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေးဌာနက(၉)နှစ်ကြာ

ပြုပြင်ထိန်းသိမ်းလျက်ရှိသည့်ရေရှည်ကြံ့ခိုင်ရေးလုပ်ငန်း ဆောင်ရွက်ရမည့်သဗ္ဗညုဘုရား(၁)ဆူသာကျန်ရှိပြီး ကျန်(၃၈၈)ဆူလုံးရာနှုန်းပြည့်ပြုပြင်ပြီးစီးသွားပြီဖြစ်ပါတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ယင်းအပြင်ထပ်မံကွင်းဆင်းတွေ့ရှိချက်အရ ပြုပြင် ထိန်းသိမ်းရန်လိုအပ်သည့်ရှေးဟောင်းဘုရားစေတီပုထိုး (၁၁၀)ဆူကိုပါတစ်ပါတည်းပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်နိုင်ခဲ့သဖြင့်(၄)နှစ်စီမံကိန်းကာလအတွင်းစုစုပေါင်းစေတီပုထိုး(၄၉၈)ဆူပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။

လက်ရှိအစိုးရတာဝန်ယူပြီးကာစဖြစ်သည့်၂၀၁၆ခုနှစ်၊သြဂုတ်လ(၂၄)ရက်နေ့ချောက်မြို့၏အနောက်ဘက်(၁၀)မိုင်ခန့်အကွာကိုဗဟိုပြု၍ရစ်ချ်စတာစကေး(၆.၈)ရှိသော ငလျင်လှုပ်ခတ်မှုကြောင့်ပုဂံညောင်ဦးဒေသရှိ

ရှေးဟောင်းဘုရားစေတီ(၃၈၉)ဆူ၊ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးရွာရှိစေတီဘုရား(၉၃)ဆူ၊ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိစေတီပုထိုးနှင့်ရှေးဟောင်းအဆောက်အအုံ(၆)ဆူအပါအဝင်အနယ်နယ်အရပ်ရပ်မှ ရှေးဟောင်းအဆောက္​အအုံ(၆၀၀)ကျော်ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီးပုဂံရှိစေတီပုထိုးများပျက်စီးခဲ့မှုအတွက်ပြည်သူလူထုနှင့်အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများကအလှူရှင်များ၏လှူဒါန်းငွေကျပ် (၆၇၉၉.၁၁၀)သန်းနှင့်နိုင်ငံခြားငွေမျိုးစုံ(၁၀)မျိုး၊ အမေရိကန်ဒေါ်လာ(၁.၁)သန်းကျော်ရရှိခဲ့ပါတယ်လို့ဆိုပါတယ်။

အသေးစားထိခိုက်ပျက်စီးခဲ့သောဘုရားစေတီ(၂၂၄)ဆူကိုမူလအလှူရှင်များကဆွေစဉ်မျိုးဆက်ပြုပြင်လှူဒါန်းလက်စဖြင့်ဆက်လက်ပြုပြင်လှူဒါန်းခဲ့ကြပြီးဝန်ကြီးဌာနအနေဖြင့်လက်ရှိအစိုးရတာဝန်ယူပြီးကာစတွင်ဖြစ်ပွားခဲ့သည့်ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုများကိုအစိုးရ၏ပထမသက်တမ်းကာလအတွင်းတွင်ပင်ရာနှုန်းပြည့်အားလုံးပြီးစီးအောင်ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သဖြင့်ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်

ပုဂံ-ညောင်ဦးဒေသရှိရှေးဟောင်းဘုရားစေတီပုထိုးများ၊သာသနိကအဆောက်အအုံများပြုပြင်ထိန်းသိမ်းရေးဦးစီး ကော်မတီ၏အတွင်းရေးမှူးဖြစ်သောသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကယခု COVID -19ဖြစ်ပွားနေသောကာလယအတွင်းတွင်ပုဂံဒေသသို့ကွင်းဆင်းသွားရောက်စစ်ဆေးပြီး(၄)နှစ်စီမံကိန်းဖြင့်ငလျင်ဒဏ်ခံစေတီပုထိုးများပြုပြင်ဆောင်ရွက်မှုလုပ်ငန်းကိုအပြီးသတ်အစီရင်ခံစာထုတ်ပြန်ရန်ဆောင်ရွက်လျက်ရှိပါတယ်လို့ဆိုပါတယ်။

TNO

Leave a Reply

Your email address will not be published. Required fields are marked *