ေမ့က်န္ခဲ့တဲ့ပိုက္ဆံအိတ္ကိုျပန္ေပးဖို႔ ၃မိုင္ခရီးစက္ဘီးနင္းခဲ့ၿပီးေနာက္ကားအသစ္တစ္စီးလက္ေဆာင္ျပန္ရခဲ့တဲ့လုံၿခဳံေရးဝန္ထမ္း

လုံၿခဳံေရးအေစာင့္တစ္ဦးဟာအမ်ိဳးသမီးတစ္ဦးရဲ႕ပိုက္ဆံအိတ္ကို ျပန္ေပးဖို႔မိုင္ေပါင္းမ်ားစြာစက္ဘီးႏွင္းခဲ့ၿပီးေနာက္ကားတစ္စီးနဲ႕လူအမ်ားရဲ႕ခ်စ္ခင္ျခင္းကိုခံစားခဲ့ရပါတယ္။အေမရိကန္နိုင္ငံHawaii ျပည္နယ္ရွိ Foodlandကုန္စုံဆိုင္မွာအလုပ္လုပ္ေနတဲ့အသက္၂၂ႏွစ္အ႐ြယ္ Aina Townsendအမည္ရွိအဆိုပါလုံၿခဳံေရးအေစာင့္ဟာ

ေဈးဝယ္လွည္းေပၚကပိုက္ဆံအိတ္တစ္ခုကိုရွာေတြ႕ခဲ့ၿပီးသူမွန္တာကိုလုပ္ဖို႔အလုပ္ခ်ိန္ၿပီးတာနဲ႕ ျပန္ပို႔ေပးဖို႔ဆုံးျဖတ္ခဲ့ပါတယ္။သူဟာပိုက္ဆံအိတ္ပိုင္ရွင္ျဖစ္တဲ့ Chloe Marinoရဲ႕လိပ္စာသို႔စက္ဘီးျဖင့္၃မိုင္ခရီးႏွင္ခဲ့ၿပီး ေတာင္ကုန္းျမင့္ေတြေၾကာင့္သူ႕အား ၁နာရီအခ်ိန္ၾကာသြားေစခဲ့ပါတယ္။

၅လအ႐ြယ္ကေလးနဲ႕အလ်င္အျမန္ေဈးဝယ္ထြက္ေနခဲ့တဲ့ Marinoကလည္းသူမပိုက္ဆံအိတ္ေပ်ာက္ေနမွန္းမသိခဲ့ဘဲ Townsendတံခါးလာေခါက္မွသူမအျဖစ္ကိုသိခဲ့ရၿပီး“သူကအရမ္းကိုအံ့ဩစရာေကာင္းတဲ့သူစိမ္းတစ္ေယာက္ပါ ကြၽန္မကပိုက္ဆံအိတ္ေပ်ာက္ေနမွန္းေတာင္မသိခဲ့ဘူး”လို႔ဆိုခဲ့ပါတယ္။

Marino ရဲ႕ခင္ပြန္းျဖစ္တဲ့Grayကထိုအခ်ိန္မွာ Townsend အားဆုခ်မယ္လို႔ဆိုခဲ့ေပမဲ့ သူက အျပတ္ကို ျငင္းေနခဲ့ၿပီး “ no no no ကြၽန္ေတာ္မလိုခ်င္ပါဘူး ၊ ခင္ဗ်ားတို႔ရဲ႕ပစၥည္းကိုျပန္ေပးခ်င္႐ုံပါ” လို႔ဆိုခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။ဒီဇင္ဘာ ၁၄ ရက္ေန႕မွာ Gray က Townsend အေၾကာင္းကို social media မွာမွ်ေဝခဲ့ၿပီးေနာက္ လူအမ်ားကလည္း ခ်ီးက်ဴးခဲ့ၾကပါတယ္။

ရိုသားတဲ့Townsend ရဲ႕သူငယ္ခ်င္းတစ္ေယာက္က Townsend အတြက္ ကားအသစ္တစ္စီးလက္ေဆာင္ေပးဖို႔ Facebook မွာ group ဖြဲ႕ကာ ရန္ပုံေငြရွာၿပီး ဒီဇင္ဘာ ၃၁ ရက္ေန႕မွာ Gray တို႔ရဲ႕မိသားစုပုံနဲ႕အတူ ကားအသစ္တစ္စီးပုံကို “သူတို႔နဲ႕ လူအမ်ားက သေဘာေကာင္းၾကင္နာတတ္တဲ့ Townsend အတြက္ ကားအသစ္တစ္စီးဝယ္ေပးခဲ့တယ္” လို႔ social media ေပၚမွ်ေဝခဲ့ၿပီး Townsend က ၎သတင္းကို ျမင္ေတာ့ ထီဆုႀကီးေပါက္သလိုခံစားခဲ့ရပါတယ္။

တစ္ကယ္ေတာ့ Townsend ဟာ စက္ဘီးစီးၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳလာတာ ၅ႏွစ္ၾကာေနခဲ့ပါၿပီ။“ ဒီကားက ကြၽန္ေတာ္ေမာင္းဖို႔အတြက္တင္မဟုတ္ဘဲ ကြၽန္ေတာ့္မိသားစုေတြအတြက္ပါ အမ်ားႀကီးအက်ဳံးဝင္ေစမွာပါ” လို႔ လူအမ်ားအား ေက်းဇူးတင္ေၾကာင္း ဆိုခဲ့ပါတယ္။

ထို႔ေနာက္ Townsend ဟာ new year လက္ေဆာင္အျဖစ္ 2017 VW Jetta ကားတစ္စီးကို လက္ခံရရွိခဲ့ပါေတာ့တယ္။သူငယ္ခ်င္းျဖစ္သူက ရရွိခဲ့တဲ့ ရန္ပုံေငြအပိုေတြကို လိုအပ္တဲ့ေနရာမွာ လႉဒါန္းသြားမယ္ျဖစ္ေၾကာင္းလည္း ဆိုခဲ့ပါေသးတယ္။ေကာင္းတာလုပ္ရင္ တစ္ကယ္လည္း ေကာင္းတာဘဲျဖစ္ေနမွာပါ။

Mia (Mckzone Daily)
Source : nextshark

ယူနီကုတ္​ျဖင္​့ဖတ္​ရန္
မေ့ကျန်ခဲ့တဲ့ပိုက်ဆံအိတ်ကိုပြန်ပေးဖို့၃မိုင်ခရီးစက်ဘီးနင်းခဲ့ပြီးနောက်ကားအသစ်တစ်စီးလက်ဆောင်ပြန်ရခဲ့တဲ့လုံခြုံရေးဝန်ထမ်း

လုံခြုံရေးအစောင့်တစ်ဦးဟာအမျိုးသမီးတစ်ဦးရဲ့ပိုက်ဆံအိတ်ကိုပြန်ပေးဖို့မိုင်ပေါင်းများစွာစက်ဘီးနှင်းခဲ့ပြီးနောက်ကားတစ်စီးနဲ့လူအများရဲ့ချစ်ခင်ခြင်းကိုခံစားခဲ့ရပါတယ်။အမေရိကန်နိုင်ငံHawaiiပြည်နယ်ရှိFoodlandကုန်စုံဆိုင်မှာအလုပ်လုပ်နေတဲ့အသက်၂၂နှစ်အရွယ်Aina Townsendအမည်ရှိအဆိုပါလုံခြုံရေးအစောင့်ဟာ

ဈေးဝယ်လှည်းပေါ်ကပိုက်ဆံအိတ်တစ်ခုကိုရှာတွေ့ခဲ့ပြီးသူမှန်တာကိုလုပ်ဖို့အလုပ်ချိန်ပြီးတာနဲ့ပြန်ပို့ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာပိုက်ဆံအိတ်ပိုင်ရှင်ဖြစ်တဲ့Chloe Marinoရဲ့လိပ်စာသို့စက်ဘီးဖြင့်၃မိုင်ခရီးနှင်ခဲ့ပြီးတောင်ကုန်းမြင့်တွေကြောင့်သူ႔အား၁နာရီအချိန်ကြာသွားစေခဲ့ပါတယ်။

၅လအရွယ်ကလေးနဲ့အလျင်အမြန်ဈေးဝယ်ထွက်နေခဲ့တဲ့ Marinoကလည်းသူမပိုက်ဆံအိတ်ပျောက်နေမှန်းမသိခဲ့ဘဲ Townsendတံခါးလာခေါက်မှသူမအဖြစ်ကိုသိခဲ့ရပြီး“သူက အရမ်းကိုအံ့ဩစရာကောင်းတဲ့သူစိမ်းတစ်ယောက်ပါကျွန်မကပိုက်ဆံအိတ်ပျောက်နေမှန်းတောင်မသိခဲ့ဘူး”လို့ဆိုခဲ့ပါတယ်။

Marinoရဲ့ခင်ပွန်းဖြစ်တဲ့Grayကထိုအချိန်မှာ Townsendအားဆုချမယ်လို့ဆိုခဲ့ပေမဲ့သူကအပြတ်ကိုငြင်းနေခဲ့ပြီး “no no no ကျွန်တော်မလိုချင်ပါဘူး၊ခင်ဗျားတို့ရဲ့ပစ္စည်းကိုပြန်ပေးချင်ရုံပါ” လို့ဆိုခဲ့ကြောင်းပြောပြခဲ့ပါတယ်။ဒီဇင်ဘာ၁၄ရက်နေ့မှာGrayကTownsendအကြောင်းကိုsocial media မှာမျှဝေခဲ့ပြီးနောက်လူအများကလည်းချီးကျူးခဲ့ကြပါတယ်။

ရိုသားတဲ့Townsendရဲ့သူငယ်ချင်းတစ်ယောက်က Townsendအတွက်ကားအသစ်တစ်စီးလက်ဆောင်ပေးဖို့ Facebook မှာ groupဖွဲ့ကာရန်ပုံငွေရှာပြီးဒီဇင်ဘာ ၃၁ ရက်နေ့မှာGrayတို့ရဲ့မိသားစုပုံနဲ့အတူကားအသစ်တစ်စီးပုံကို “သူတို့နဲ့လူအများကသဘောကောင်းကြင်နာတတ်တဲ့ Townsendအတွက်ကားအသစ်တစ်စီးဝယ်ပေးခဲ့တယ်” လို့ social mediaပေါ်မျှဝေခဲ့ပြီးTownsendကဌင်းသတင်းကို မြင်တော့ထီဆုကြီးပေါက်သလိုခံစားခဲ့ရပါတယ်။

တစ်ကယ်တော့Townsendဟာစက်ဘီးစီးပြီး အသက်မွေးဝမ်းကျောင်းပြုလာတာ၅နှစ်ကြာနေခဲ့ပါပြီ။ဒီကားကကျွန်တော်မောင်းဖို့အတွက်တင်မဟုတ်ဘဲကျွန်တော့်မိသားစုတွေအတွက်ပါအများကြီးအကျုံးဝင်စေမှာပါ”လို့လူအများအားကျေးဇူးတင်ကြောင်းဆိုခဲ့ပါတယ်။

ထို့နောက်Townsendဟာ new yearလက်ဆောင်အဖြစ် 2017 VW Jettaကားတစ်စီးကိုလက်ခံရရှိခဲ့ပါတော့တယ်။သူငယ်ချင်းဖြစ်သူကရရှိခဲ့တဲ့ရန်ပုံငွေအပိုတွေကိုလိုအပ်တဲ့နေရာမှာလှူဒါန်းသွားမယ်ဖြစ်ကြောင်းလည်းဆိုခဲ့ပါသေးတယ်။ကောင်းတာလုပ်ရင်တစ်ကယ်လည်းကောင်းတာဘဲဖြစ်နေမှာပါ။

Mia (Mckzone Daily)
Source : nextshark

Leave a Reply

Your email address will not be published. Required fields are marked *