ကိုဗစ္-၁၉ မူလဇစ္ျမစ္စုံစမ္းမယ့္WHOအဖြဲ႕ဝူဟန္ၿမိဳ႕ကိုေရာက္ၿပီ

ဇန္နဝါရီ၁၄ကို႐ိုနာဗိုင္းရပ္စ္စတင္ေတြ႕ရွိခဲ့တဲ့တ႐ုတ္အလယ္ပိုင္းဝူဟန္ၿမိဳ႕ကိုကမာၻ႔က်န္းမာေရးအဖြဲ႕ႏိုင္ငံတကာသုေတသီပညာရွင္အဖြဲ႕ယေန႔ၾကာသပေတးေန႔ကေရာက္ရွိလာၿပီလို႔သိရပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါမူလအစကိုစုံစမ္းစစ္ေဆးဖို႔အတြက္တ႐ုတ္အစိုးရကခြင့္ျပဳေပးခဲ့ၿပီးေနာက္ခုလိုေရာက္ရွိလာတာလည္းျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ကဝူဟန္ၿမိဳ႕ကို ေစလႊတ္ခဲ့တဲ့အဖြဲ႕မွာပညာရွင္၁၀ဦးလိုက္ပါလာပါတယ္။ကမာၻ႔ႏိုင္ငံအသီးသီးက ေရာဂါစတင္ျဖစ္ပြားမႈအေၾကာင္းစုံစမ္းဖို႔တိုင္ၾကားခဲ့ၿပီးေနာက္ကမာၻ႔က်န္းမာေရးအဖြဲ႕ ဦးေဆာင္ၿပီးစုံစမ္းေနတာပါ။

တ႐ုတ္ႏိုင္ငံကို လာေရာက္စုံစမ္းဖို႔လေပါင္းမ်ားစြာ ညႇိႏႈိင္းေဆြးေႏြးခဲ့ၿပီးေနာက္တ႐ုတ္သမၼတရွီက်င့္ဖ်င္အစိုးရကအတည္ျပဳေပးခဲ့တာလည္း ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ေႏွာင္းပိုင္းမွစၿပီးလူေပါင္း၁.၉သန္း ေသဆုံးခဲ့တဲ့ဒီဗိုင္းရပ္စ္ပိုးဟာတ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းကလင္းႏို႔ေတြနဲ႔တျခားတိရစာၦန္ေတြကေန ကူးစက္လာတယ္လို႔သိပၸံပညာရွင္ေတြကသံသယရွိေနၾကပါတယ္။

တ႐ုတ္ႏိုင္ငံက ေရာဂါပ်ံ႕ႏွံ႔မႈကို ခြင့္ျပဳခဲ့တယ္ဆိုတဲ့ ႏိုင္ငံအသီးသီးကတိုင္ၾကားခ်က္ေတြကိုေတာ့ ယတ႐ုတ္အစိုးရက ျငင္းဆိုထားၿပီးဗိုင္းရပ္စ္ပိုးဟာ ျပည္ပက ဝင္လာၿပီးင္ငံျခားကတင္သြင္းတဲ့ပင္လယ္စာက ျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

ယေန႔ ဝူဟန္ၿမိဳ႕ကို WHO အဖြဲ႕ေရာက္ရွိလာတဲ့အေၾကာင္းကိုေတာ့ တ႐ုတ္ႏိုင္ငံပိုင္ CCTV သတင္းဌာနကေန ေဖာ္ျပသြားပါတယ္။ဒီပညာရွင္အဖြဲ႕မွာေတာ့ အေမရိကန္၊ ဩစေၾတးလ်၊ ဂ်ာမနီ၊ ဂ်ပန္၊ ၿဗိတိန္ အစရွိတဲ့ႏိုင္ငံေတြက ဗိုင္းရပ္စ္နဲ႔အျခားကြၽမ္းက်င္သူေတြ ပါဝင္ေနပါတယ္။

ယခုလိုစုံစမ္းစစ္ေဆးမယ့္အဖြဲ႕နဲ႔ တ႐ုတ္သိပၸံပညာရွင္ေတြ အျမင္ခ်င္းဖလွယ္ၿပီး စုံစမ္းစစ္ေဆးသြားမယ္လို႔ တ႐ုတ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ယခုတစ္ပတ္အတြင္း ေျပာၾကားခဲ့ၿပီး သက္ေသအေထာက္အထား စုေဆာင္းဖို႔ ခြင့္ျပဳျခင္းရွိမရွိ အတည္မျပဳခဲ့ပါဘူး။

WHO သိပၸံညာရွင္အဖြဲ႕အေနနဲ႔ ဝူဟန္မွာ ေရာဂါစစ္ေဆးမႈ ခံရဦးမွာျဖစ္ၿပီး ၂ ပတ္ကြာရန္တင္း ဝင္ရမယ္လို႔ CGTN သတင္းဌာနက ဆိုပါတယ္။ လက္ရွိမွာေတာ့ ကြာရန္တင္း ရွိေနစဥ္ တ႐ုတ္ကြၽမ္းက်င္သူေတြနဲ႔ ဗီဒီယိုကြန္ဖရင္ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

_ref:APင

ယူနီကုတ္​ျဖင္​့ဖတ္​ရန္
ကိုဗစ်-၁၉မူလဇစ်မြစ်စုံစမ်းမယ့်WHOအဖွဲ့ဝူဟန်မြို့ကိုရောက်ပြီ

ဇန်နဝါရီ၁၄ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့တဲ့တရုတ်အလယ်ပိုင်းဝူဟန်မြို့ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့နိုင်ငံတကာသုတေသီပညာရှင်အဖွဲ့ယနေ့ကြာသပတေးနေ့ကရောက်ရှိလာပြီလို့သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါမူလအစကိုစုံစမ်းစစ်ဆေးဖို့အတွက်တရုတ်အစိုးရကခွင့်ပြုပေးခဲ့ပြီးနောက်ခုလိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဝူဟန်မြို့ကိုစေလွှတ်ခဲ့တဲ့အဖွဲ့မှာ ပညာရှင်၁၀ဦးလိုက်ပါလာပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးက ရောဂါစတင်ဖြစ်ပွားမှုအကြောင်းစုံစမ်းဖို့တိုင်ကြားခဲ့ပြီးနောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်ပြီးစုံစမ်းနေတာပါ။

တရုတ်နိုင်ငံကိုလာရောက်စုံစမ်းဖို့လပေါင်းများစွာညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက်တရုတ်သမ္မတရှီကျင့်ဖျင်အစိုးရက အတည်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းမှစပြီးလူပေါင်း၁.၉သန်းသေဆုံးခဲ့တဲ့ဒီဗိုင်းရပ်စ်ပိုးဟာတရုတ်နိုင်ငံအနောက်တောင်ပိုင်းကလင်းနို့တွေနဲ့တခြားတိရစ္ဆာန်တွေကနေကူးစက်လာတယ်လို့သိပ္ပံပညာရှင်တွေကသံသယရှိနေကြပါတယ်။

တရုတ်နိုင်ငံကရောဂါပျံ့နှံ့မှုကိုခွင့်ပြုခဲ့တယ်ဆိုတဲ့နိုင်ငံအသီးသီးကတိုင်ကြားချက်တွေကိုတော့တရုတ်အစိုးရကငြင်းဆိုထားပြီးဗိုင်းရပ်စ်ပိုးဟာပြည်ပကဝင်လာပြီးနိုင်ငံခြားကတင်သွင်းတဲ့ပင်လယ်စာကဖြစ်နိုင်တယ်လို့ပြောပါတယ်။

ယနေ့ဝူဟန်မြို့ကိုWHOအဖွဲ့ရောက်ရှိလာတဲ့အကြောင်းကိုတော့ တရုတ်နိုင်ငံပိုင်CCTVသတင်းဌာနကနေဖော်ပြသွားပါတယ်။ဒီပညာရှင်အဖွဲ့မှာတော့အမေရိကန်၊ဩစတြေးလျ၊ဂျာမနီ၊ဂျပန်၊ဗြိတိန်အစရှိတဲ့နိုင်ငံတွေကဗိုင်းရပ်စ်နဲ့အခြားကျွမ်းကျင်သူတွေပါဝင်နေပါတယ်။

ယခုလိုစုံစမ်းစစ်ဆေးမယ့်အဖွဲ့နဲ့တရုတ်သိပ္ပံပညာရှင်တွေ အမြင်ချင်းဖလှယ်ပြီးစုံစမ်းစစ်ဆေးသွားမယ်လို့တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးကယခုတစ်ပတ်အတွင်းပြောကြားခဲ့ပြီးသက်သ​ေအထောက်အထားစုဆောင်းဖို့ခွင့်ပြုခြင်းရှိမရှိအတည်မပြုခဲ့ပါဘူး။

WHOသိပ္ပံညာရှင်အဖွဲ့အနေနဲ့ဝူဟန်မှာရောဂါစစ်ဆေးမှုခံရဦးမှာဖြစ်ပြီး၂ပတ်ကွာရန်တင်းဝင်ရမယ်လို့CGTNသတင်းဌာနက ဆိုပါတယ်။လက်ရှိမှာတော့ကွာရန်တင်းရှိနေစဉ်တရုတ်ကျွမ်းကျင်သူတွေနဲ့ဗီဒီယိုကွန်ဖရင်ပြုလုပ်နေတယ်လို့သိရပါတယ်။

_ref:APင

Leave a Reply

Your email address will not be published. Required fields are marked *