








ရန်ကုန်သူနာပြုတက္ကသိုလ်မှပါမောက္ခဒေါ်ထွေးထွးညွန့်၊ကောင်းရာဘုံဘဝရောက်ပါစေ။

Myint Zaw

ယူနီကုတ်​ဖြင့်​ဖတ်​ရန်
၁၃ရက်နေ့မှာသူရဲကောင်းကျန်းမာရေးဝန်ထမ်း(၃)ဦးကိုကိုဗစ်ကဆွဲခေါ်သွားပြန်ပြီ

ကိုဗစ်အဲဒီလောက်ရက်စက်လိမ့်မယ်လို့မထင်ထားခဲ့မိဘူး၊

အခုတော့ကံမကောင်းခြင်းနံပတ်(၁၃)ဂဏန်း(၁၃)ရက်နေ့မှာပဲသူရဲကောင်းကျန်းမာရေးဝန်ထမ်း(၃)ဦးကိုဆွဲခေါ်သွားခဲ့ပြန်ပါပြီ။

ကိုဗစ်ကူးစက်လူနာအရေအတွက်လျော့ကျလာပေမယ့် သေဆုံးနှုန်းကတော့မကျသေးဘဲဆက်လက်မြင့်တက်နေပါတယ်။

အဲဒါကြောင့်ကူးစက်မှုမရှိစေဖို့အထူးသတိထားဖို့လိုအပ်ပါတယ်။

ကျဆုံးခဲ့ရတဲ့သူရဲကောင်းကျန်းမာရေးဝန်ထမ်း(၃)ဦးကိုလည်းအမြဲလေးစားဦးညွှတ်လျက်ရှိနေမှာပါ။

(၁၃-၁-၂၀၂၁)မန္တလေးပြည်သူ့ဆေးရုံကြီးမှသူနာပြုဆရာမကြီးဒေါ်အေးဝင်းသန်းကိုဗစ်တိုက်ပွဲမှာကျဆုံး၍ကောင်းရာဘုံဘဝရောက်ပါစေ။

(၁၃/၁/၂၀၂၁)လေးစားချစ်ခင်ရပါသောကလေးအထူးကုဆရာဝန်ကြီးဒေါက်တာအောင်ကြည်ဝင်းကိုဗစ်ကြောင့်ဆုံးပါးရပြန်ပါပြီ။ကောင်းရာဘုံဘဝမှာစံမြန်းနိုင်ပါစေ။

(၁၃)ဂဏန်းမှာပဲကိုဗစ်ကြောင့်ည(၁၁)နာရီမှာဆုံးပါးသွားပါတယ်။

ရန်ကုန်သူနာပြုတက္ကသိုလ်မှပါမောက္ခဒေါ်ထွေးထွေးညွန့်၊ကောင်းရာဘုံဘဝရောက်ပါစေ။

Myint Zaw

Leave a Reply

Your email address will not be published. Required fields are marked *